၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တာချီလိတ်၌ ကျောင်းသား၊ ကျောင်းသူ (၆၇၀)ဦး ၀င်ရောက်ဖြေဆို

၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တာချီလိတ်၌ ကျောင်းသား၊ ကျောင်းသူ (၆၇၀)ဦး ၀င်ရောက်ဖြေဆို
မတ် 11, 2015
By Tachileik News Agency

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှုကို ယနေ့ ၂၀၁၅ခုနှစ် မတ်လ (၁၁)ရက်နေ့မှာ စတင်၍ တစ်ပြိုင်နက် ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ အထက်တန်းကျောင်းများ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း အပါအ၀င် ဘော်ဒါဆောင်များမှ စုစုပေါင်း ၀င်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဦးရေမှာ (၆၇၀)ဦးရှိပြီး တာလေမြို့တွင် ၀င်ရောက်ဖြေဆိုကြသူများမှာ စုစုပေါင်း (၁၅၄)ဦးရှိကြောင်း တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

တာချီလိတ်မြို့တွင် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)၌ ပြုလုပ်တာဖြစ်ပြီး အဆိုပါ စာမေးပွဲတွင် အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ အ.ထ.က(၀မ်နက်)၊ အ.ထ.က(မိုင်းကိုး) နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း အပါအ၀င် ဘော်ဒါဆောင်များမှ ကျောင်းသား၊ ကျောင်းသူများ ၀င်ရောက်ဖြေဆိုကြကြောင်း သိရသည်။

တာချီလိတ်တွင် ၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားကြသည့် ကျောင်းသား၊ ကျောင်းသူများမှာ စုစုပေါင်း (၇၄၆)ဦး ရှိခဲ့သော်လည်း ယနေ့ ပထမဦးဆုံး ဖြေဆိုသည့် နေ့မှာပါ (၇၆)ဦးပျက်ကွက်ခဲ့သည့် အတွက် (၆၇၀)ဦးသာရှိပြီး တာလေမြို့တွင် ၀င်ရောက်ဖြေဆိုရန် စာရင်းပေးထားသူများမှာ (၁၆၆)ဦးရှိပြီး ပျက်ကွက်သူ(၁၂)ဦးရှိရာ ၀င်ရောက်ဖြေဆိုသူများမှာ (၁၅၄)ဦး ရှိကြောင်း တာချီလိတ်စာစစ်ဌာန၏ စာရင်းအရ သိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်၌ ကျောင်းသား၊ ကျောင်းသူ (၆၇၀)ဦး ၀င်ရောက်ဖြေဆို

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ ကြော်ငြာ ~~~~~~~~~