တာချီလိတ်မြို့ရောက် ဆည်တိုသူ၊ ဆည်တိုသားများ ဖွဲ့စည်းထားသည့် အဖွဲ့မှ ဆည်တိုတွင် ပထမဆုံး တရားပွဲကို ကျင်းပတော့မည်

တာချီလိတ်မြို့ရောက် ဆည်တိုသူ၊ ဆည်တိုသားများ ဖွဲ့စည်းထားသည့် အဖွဲ့မှ ဆည်တိုတွင် ပထမဆုံး တရားပွဲကို ကျင်းပတော့မည်
မတ် 16, 2015
By Tachileik News Agency

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဆည်တိုတိုက်နယ်အတွင်း အမျိုးဘာသာ၊ သာသနာ၊ ထိန်းသိမ်းစောင့်ရှောက်စေရေးနှင့် သာသနာတော် ထွန်းကားပြန့်ပွားစေရန် အထူးရည်ရွယ်၍ တာချီလိတ်မြို့ရောက် ဆည်တိုသူ၊ ဆည်တိုသားများမှ "ဓမ္မရောင်ခြည်" တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့ (ဆည်တို)အား ဖွဲ့စည်းထားရှိပြီး ယခုအခါမှာ ဆည်တိုတွင် ပထမဆုံးသော တရားပွဲကို ကျင်းပနိုင်တော့မှာ ဖြစ်ကြောင်း "ဓမ္မရောင်ခြည်" တရားပွဲဖြစ်မြောက်ရေးအဖွဲ့(ဆည်တို)မှ သိရသည်။

"တာချီလိတ်မြို့မှာ ရောက်နေတဲ့ ဆည်တိုသူ၊ ဆည်တိုသားများဖွဲ့စည်းထားတဲ့ ဓမ္မရောင်ခြည် တရားပွဲဖြစ်မြောက်ရေး အဖွဲ့ကနေပြီး တာချီလိတ်က ဆည်တိုသူ၊ ဆည်တိုသားများ စုပေါင်း လှူဒါန်းထားတဲ့ အလှူငွေများနဲ့ ဆည်တိုကျင်းပမဲ့ ပထမဆုံး တရားပွဲမှာ ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လက ဟောကြားပေးမှာပါ"ဟု တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုခိုင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

မလှိုင်မြို့နယ် ဆည်တို (၈)ရပ်ကွက်လုံးဆိုင်ရာ ဓမ္မသဘင်ပွဲကြီးကို အခြေခံပညာအထက်တန်းကျောင်း (ဆည်ဆို)တွင် ၂၀၁၅ခုနှစ် မတ်လ(၂၈)ရက်မှ (၂၉)ရက်နေ့အထိ ညစဉ်(၇း၃၀)နာရီအချိန်တွင် နှစ်ညတိုင်တိုင် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့လို ကြီးကျယ်ခမ်းနားတဲ့ တရားပွဲမျိုး ဆည်တိုမှာ တခါမှ မကျင်းပဖူးသေးဘူး၊ တာချီလိတ်ကလို တရားပွဲမျိုးကို အတုယူပြီးတော့ ကျွန်တော်တို့ ဆည်တိုမှာ နှစ်စဉ်ကျင်းပနိုင်အောင်လို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အဲ့ဒီလိုပဲ ဒီအဖွဲ့ရဲ့ ရန်ပုံငွေအပေါ် မူတည်ပြီးတော့ ဆည်တိုတိုက်နယ်ထဲက (၈)ရပ်ကွက်နဲ့ သက်ဆိုင်တဲ့ ဘာသာရေး၊ ကျန်းမာရေး နဲ့ ပညာရေးတွေ စတဲ့ ဒေသအကျိုးပြု လူမှုလုပ်ငန်းများကိုလည်း တတ်နိုင်သ၍ ဆောင်ရွက်သွားမှာဖြစ်ပါတယ်.."ဟု အဆိုပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဆည်တိုသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

(  "ဓမ္မရောင်ခြည်" တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့ (ဆည်တို)အား ဖွဲ့စည်းစဉ်က မှတ်တမ်းပုံ )
အမြို့မြို့ အနယ်နယ်သို့ ရောက်ရှိနေသော ဆည်တိုသူ၊ ဆည်တိုသားများ အနေဖြင့် မိမိတို့၏ ဒေသဖြစ်သော ဆည်တိုတိုက်နယ်အတွင်း နှစ်စဉ်တရားပွဲများကို ကျင်းပနိုင်ရန်အတွက် အလှူငွေများဖြင့် ပါဝင်ကုသိုလ်ယူ၍ လှူဒါန်းနိုင်ကြောင်းလည်း သိရှိရသည်ဖြစ်ရာ "ဓမ္မရောင်ခြည်" တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့ (ဆည်တို)အား အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
"ဓမ္မရောင်ခြည်" တရားပွဲဖြစ်မြောက်ရေးအဖွဲ့(ဆည်တို)သို့ ဆက်သွယ်ရန်
ဦးဝင်းဦး ( ဥက္ကဌ )
ထိုင်းဖုန်း။   ။ 0877266841၊
ဦးစိုးလှ ( ဒု-ဥက္ကဌ)
မြန်မာဖုန်း။   ။ 09250474164
ဦးဆန်းဝင်း ( အတွင်းရေးမှူး )
မြန်မာဖုန်း။   ။  0936175890
ထိုင်းဖုန်း။   ။ 0876571185
"ဓမ္မရောင်ခြည်" တရားပွဲဖြစ်မြောက်ရေးအဖွဲ့ (ဆည်တို)အနေဖြင့်  ဆည်တိုတိုက်နယ်အတွင်း တရားပွဲများ နှစ်စဉ် စဉ်ဆက်မပျက် ကျင်းပနိုင်ရေး နှင့် တရားပွဲများ ဖြစ်မြောက်စေရေးအတွက် မတည်အလှူငွေများ ထည့်ဝင်ကြစေရန် အပြင် မိမိတို့၏ ဒေသအကျိုးကို သယ်ပိုးနိုင်ရန်အတွက်  ၂၀၁၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့က တာချီလိတ်ရောက် ဆည်တိုသူ၊ ဆည်တိုသားများ  တွေ့ဆုံစုစည်း ညှိနှိုင်းကာ ဖွဲ့စည်းလိုက်တာ ဖြစ်ကြောင်း သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~