တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၅ - ၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သားသတ်လုပ်ငန်း ဆောင်ရွက်ခွင့်နှင့် ထုတ်လုပ်ပြီး အသားများအား ပြည်သူသို့ ဖြန့်ဖြူးရောင်းချခွင့် လျှောက်လွှာများကို သတ်မှတ်ရက်များအတွင်း အချက်အလက် အပြည့်အစုံဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးသို့ လာရောက်လျှောက်ထားရမှာ ဖြစ်ကြောင်း သိရသည်။
သားသတ် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်လွှာများကို ၂၀၁၅ခုနှစ် မတ်လ (၁၉)ရက်နေ့မှ မတ်လ(၂၅)ရက် နေ့လယ်(၁၂)နာရီအချိန်ထိ နောက်ဆုံးထားကာ အချက်အလက် ပြည့်စုံစွာဖြင့် လျှောက်ထားရမှာ ဖြစ်ပြီး မတ်လ (၂၆)ရက် နံနက်(၁၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံး၌ သားသတ်လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်များကို ထုတ်ပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
သားသတ်ခေါင်း အခွန်အခ ကောက်ခံမှုများနှင့် ပတ်သက်၍ အသား အမျိုးအစား ပေါ်မူတည်ပြီး ကျွဲ/နွား တစ်ကောင်လျှင် (၁၀၀၀၀)ကျပ်၊ ၀က် တစ်ကောင်လျှင် (၇၀၀၀)ကျပ် နှင့် သိုး/ဆိတ် တစ်ကောင်လျှင် (၅၀၀၀)ကျပ်ဖြင့် ကောက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။