တာချီလိတ်မြို့နယ် တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသော မော်တော်ဆိုင်ကယ်များအား လေလံတင်ရောင်းချမည်

တာချီလိတ်မြို့နယ် တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသော မော်တော်ဆိုင်ကယ်များအား လေလံတင်ရောင်းချမည်
မတ် 19, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသော သက်သေခံ မော်တော်ဆိုင်ကယ်များကို လေလံတင်ရောင်းချမှုအဖြစ် တာချီလိတ်မြို့နယ်တရားရုံး အတွင်း၌ ၂၀၁၅ခုနှစ် မတ်လ(၃၀)ရက် နံနက်(၁၀)နာရီတွင် လေလံတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော သက်သေခံ မော်တော်ဆိုင်ကယ်များကို လေလံတင် ရောင်းချပေးရာတွင် ၀ယ်ယူလိုသူများ အနေဖြင့် မြန်မာနိုင်ငံသား ဖြစ်သူ မည်သူမဆို နိုင်ငံသားစိစစ်ရေး ကတ်ပြားပြသ၍ ၀ယ်ယူနိုင်မှာဖြစ်ပြီး လေလံဆွဲဝယ်ယူလိုသူများ အနေဖြင့် Lot တစ်ခုချင်းစီအတွက် ကြိုတင်ငွေ ကျပ်(၂)သိန်းကို ပေးသွင်းထားပြီးမှသာ ၀ယ်ယူနိုင်မှာ ဖြစ်ကြောင်း လေလံတင်ရောင်းချရေး အဖွဲ့မှ သိရသည်။

ဆိုင်ကယ်များကို လေလံအဖြစ် ရောင်းချမည့်နေ့မှာ မတ်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်ဖြစ်ပြီး လျှောက်လွှာများကို ယနေ့ မတ်လ(၂၀)ရက်နေ့မှ လေလံတင်မရောင်းချမီ မတ်လ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်ထိ လျှောက်ထားနိုင်မှာဖြစ်ပြီး မတ်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်မှာ လေလံတင်ရောင်းချပေးသွားမှာဖြစ်ကြောင်း လေလံရောင်းချရေးအဖွဲ့မှ သိရသည်။

ဆိုင်ကယ်များဝယ်ယူရာတွင် ဆိုင်ကယ်များကို  Lot တစ်ခုချင်းစီအလိုက် ပါဝင်သော ပစ္စည်းများအားလုံးကို ၀ယ်ယူရမှာဖြစ်ပြီး ပစ္စည်းတစ်မျိုးချင်းစီ ရွေးချယ်ကာ ခွဲ၍ လေလံဆွဲဝယ်ယူခွင့် မပြုကြောင်း နှင့် တန်ဖိုးအများဆုံး ပေးနိုင်သူကိုသာ ရောင်းချပေးသွားမှာဖြစ်ကြောင်း လေလံစည်းကမ်းချက်တွင် ထည့်သွင်းဖော်ပြထားသည်။

လေလံတင်ရောင်းချမည့် မော်တော်ဆိုင်ကယ်များကို မျက်မြင်အခြေအနေအရ အိတ်ဖွင့် လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လိုင်စင်မရှိသော မော်တော်ဆိုင်ကယ်များကို တရားဝင် ယာဉ်မှတ်ပုံတင် ရရှိရေး နှင့် လိုင်စင်ရှိသော မော်တော်ဆိုင်ကယ်များကို ယာဉ်သက်တမ်း တိုးရေး ကိစ္စရပ်များ အတွက် လေလံဆွဲဝယ်ယူသူ အစီအစဉ်ဖြင့်သာ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း လေလံရောင်းချရေးအဖွဲ့မှ အသိပေးထားကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~