နွေရာသီအစ သို့မဟုတ် သင်္ကြန်နီးလာသည့်အခါတိုင်း၌ တာချီလိတ်မြို့တွင် အပန်းဖြေစရာ နေရာတစ်ခုသဖွယ် ယခင်ကတည်းက ဖြစ်တည်လာခဲ့သည့် လွယ်တော်ခမ်းချောင်း သို့မဟုတ် အများအခေါ် ပုန်းထွန်ချောင်းတွင် ရေကူး၊ ရေကစားခြင်း၊ စားသောက်ပျော်ပါးခြင်းများဖြင့် မိသားစုများ၊ အပေါင်းအသင်းများမှ သွားရောက် အပန်းဖြေနေကြလျှက်ရှိပါသည်။
သင်္ကြန်အခါကာလကို ရောက်သည့် အခါတိုင်း၌ ပုန်းထွန်ချောင်းတွင် ရေထဲမျှောပါသွား၍ သေဆုံးမှုများ ရေနစ်သေဆုံးမှုများ နှင့် ကျောက်ဆောင်နှင့် ဦးခေါင်းရိုက်မိ၍ ရေထဲ နစ်မြုပ်သေဆုံးမှုများ ရှိခဲ့သည့်အတွက် ရေကစား ပျော်ပါးသူများအနေဖြင့် သတိဖြင့် ပျော်ပါးဖို့ လိုပါကြောင်း တာချီလိတ်အွန်လိုင်းမှ အသိ သတိပေးလိုက်ပါသည်။
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကို ဆက်လက်ကြည့်ရှုပါ....
ပုံများကို ကြည့်ရန်