အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ စိစစ်ဖြတ်တောက်မှုကြောင့် ထိုင်းနိုင်ငံ အတွင်း ကုန်ထုတ်လုပ်မှု ကျဆင်း

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ စိစစ်ဖြတ်တောက်မှုကြောင့် ထိုင်းနိုင်ငံ အတွင်း ကုန်ထုတ်လုပ်မှု ကျဆင်း
မတ် 24, 2015
By Tachileik News Agency

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB)၏ စိစစ်ဖြတ်တောက်မှုကြောင့် ထိုင်းနိုင်ငံ GDB ကျဆင်းလျက်ရှိကြောင်း ဘန်ကောက်ပိုစ့် ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ၏ တစ်နှစ်အတွင်း ထုတ်ကုန်တန်ဖိုး (၃.၆%)မှ (၃.၉%)ထိ ကျဆင်းသွားခြင်းကြောင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ရပ်တန့်လျက်ရှိခြင်းသည် အာရှဖွံဖြိုးတိုးတက်ရေးဘဏ်(ADB)၏ စိစစ်ဖြတ်တောက်ခြင်း ဖြစ်ကြောင်း နှင့် လယ်သမားနှင့် အိမ်ထောင်စု အများအပြား အကြွေးတင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ပို့်ကုန်ထုတ်လုပ်မှု စီးပွားရေးညွှန်းကိန်းမှာ (၁%)မှ (၂%)အထိ ထိုးကျသွားကြောင်းနှင့် စားသုံးသူများ၏ စာရင်းစစ်တမ်းများအရ လယ်သမားများနှင့် အိမ်ထောင်စုများတွင် အကြွေး(၂)ဆခန့် တင်သွားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ADB ဘဏ်၏ အကြီးအကဲ Luxmon Attapich မှပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတွင် စီးပွားရေးတိုးတက်မှုနှေးကွေးသော်လည်း ထိုင်းနိုင်ငံ၏ မူဝါဒဆိုင်ရာ ကောင်းမွန်ခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် (၇.၅%)ခန့် တိုးတက်လာကြောင်း ၎င်းမှပြောသည်။

နှစ်စဉ် ဘတ်(၃)ထရီယံခန့် ခရီးသွားလာရေးလုပ်ငန်း၏ အဆောက်အဦ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများရှိပြီး လွန်ခဲ့သော (၈)နှစ်ထက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာသော်လည်း နှစ်စဉ် (၃.၅%)ပုံမှန်နှေးကွေးသွားကြောင်း သိရသည်။

ပို့ကုန်ကဏ္ဍတွင် ADB ဘဏ်၏ ပါဝင်မှု (၃.၅%)နှင့်(၄%)ကြားတွင် တည်ရှိသော်လည်း လာမည့်နှစ်တွင် (၄.၁%)အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း မစ္စ Luxmon မှပြောသည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအား လာမည့်နှစ်တွင် လက်ရှိအစိုးရမှ ပြုလုပ်ပေးရမည်ဖြစ်ပြီး တက်ရောက်လာမည့် အစိုးရ၏ စီးပွားရေး မူဝါဒပေါ်တွင်လည်း မူတည်ကြောင်း ၎င်းမှပြောသည်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; bangkokpost.com

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~