ကလေးငယ်ကို သတ်သွားသည့် တရားခံအား ပြည်သူများ ပူးပေါင်းပါဝင်ရေးအတွက် တာချီလိတ်ရဲတပ်ဖွဲ့မှ ဆုငွေထုတ်

ကလေးငယ်ကို သတ်သွားသည့် တရားခံအား ပြည်သူများ ပူးပေါင်းပါဝင်ရေးအတွက် တာချီလိတ်ရဲတပ်ဖွဲ့မှ ဆုငွေထုတ်
ဧပြီ 5, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် မတ်လ(၂၇)ရက်နေ့က ပျောက်ဆုံးသွားပြီး အသတ်ခံရသည့် (၆)နှစ်အရွယ် ကလေးတစ်ဦးနှင့် ပတ်သက်၍ လူသတ်မှုအား တရားခံ ဖမ်းဆီးရရှိနိုင်ရေးအတွက် သတင်းပေးသော မိဘပြည်သူများအား တာချီလိတ်မြို့မရဲစခန်းမှ ကျပ်သိန်း(၂၀)တိတိ ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် ချီးမြှင့်မည်ဖြစ်ကြောင်း အသိပေး ထားသည်။

အများပြည်သူ မြင်ကွင်းများတွင် ကြေညာချက်အစုံအလင်ပါ ဗွီနိုင်းများအား လိုက်လံစိုက်ထူထားရှိပြီး၊ ထိုသို့ ရဲတပ်ဖွဲ့မှ ကလေးငယ်အသတ်ခံရမှုနှင့် ပတ်သက်၍ တိကျမှန်ကန်သော သတင်းများ ရရှိရန်နှင့် အများပြည်သူများ ပူးပေါင်းပါဝင်ရန် စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~