မြန်မာ့နှစ်သစ်ကူးဖြစ်သည့် ၁၃၇၇ခုနှစ်၏ နှစ်သစ်ကူးအကြိုအဖြစ် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား စစ်တုရင် ပြိုင်ပွဲကို (၇)ရက်တိတိ တာချီလိတ်မြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ပြိုင်ပွဲ၏ ဖွင့်ပွဲကို ယနေ့ ဧပြီလ(၅)ရက် နံနက်(၈)နာရီ အချိန်က ပြိုင်ပွဲကျင်းပ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး ချက်ကွက် ရွှေ့ပြီး ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ရန် ဖွင့်လှစ်ပေးသည်။
စစ်တုရင်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် တစ်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့် စည်းကမ်းချက်များကို ဖတ်ကြား ရှင်းလင်းပြီးနောက် ပြိုင်ပွဲအား ဆက်လက် ကစားစေခဲ့ကြသည်။
အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၂၀)ဦးပါဝင် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲ၏ သတ်မှတ်ရက်ကို ယနေ့ ဧပြီလ(၅)ရက်နေ့မှ ဧပြီလ(၁၁)ရက်နေ့ အထိ ကျင်းပပြုလုပ်လျက်ရှိရာ ၀ါသနာရှင်များမှလည်း လာရောက် ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ကြောင်း စစ်တုရင်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ လှမြင့်