တာချီလိတ်၌ မြန်မာ့နှစ်ဆန်း (၁)ရက်နေ့တိုင်းတွင် စေတနာရှင် အလှူရှင်များမှ ပူးပေါင်းပါဝင် လှူဒါန်းလေ့ရှိပြီး နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သည့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ နှင့် သက်ကြီး ရွယ်အိုဘိုးဘွား ပူဇော်ပွဲတို့ကို ကျင်းပပြုလုပ်လေ့ရှိရာ ယခု ၂၀၁၅ခုနှစ်၏ နှစ်ဆန်း (၁)ရက်နေ့တွင် သက်ကြီးရွယ်အို ဘိုးဘွား စုစုပေါင်း(၁၅၄)ဦးအား အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ အပါအ၀င် ကန်တော့ငွေများဖြင့် စုပေါင်း ကန်တော့မည့် ကိစ္စနှင့် ပတ်သက်၍ အလှူရှင်များ လိုအပ်နေလျက်ရှိပြီး ဒေသခံ အလှူရှင်များ အနေဖြင့် ပါဝင်လှူဒါန်းနိုင်သလို အခမ်းအနား ကျင်းပသည့်နေ့တွင်လည်း ကိုယ်တိုင် ကိုယ်ကျလာရောက် လှူဒါန်းနိုင်ကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
လာမည့် နှစ်ဆန်း(၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သက်ကြီးရွယ်အို ဘိုးဘွားကန်တော့ပွဲ၌ အသက်(၈၀)နှစ်အထက် ဘိုးဘွား (၁၅၄)ဦးအား ကန်တော့မည်ဖြစ်ရာ အဆိုပါ ဘိုးဘွားများတွင် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ နှင့် မြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွားများ ပါဝင်မှာဖြစ်ကြောင်း သိရသည်။
သက်ကြီး ရွယ်အို ဘိုးဘွားကန်တော့ပွဲအား အစဉ်အလာမပျက် ဖြစ်မြောက်စေရန်အတွက် တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များ အနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများမှလည်း လှူဒါန်းနိုင်မှာဖြစ်ပြီး ကန်တော့ပွဲ ကျင်းပပြုလုပ်သည့် နေ့တွင်လည်း လာရောက်လှူဒါန်းနိုင်မှာ ဖြစ်သည်။
သက်ကြီး ရွယ်အို ဘိုးဘွားကန်တော့ပွဲကို မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ၂၀၁၅ခုနှစ် ဧပြီလ(၁၇)ရက် နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့ရှိ မြို့နယ်ဓမ္မာရုံ၌ ကျင်းပအပြုလုပ်မည်ဖြစ်ရာ ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းလိုသူများ အနေဖြင့် မိနစ်(၃၀)စော၍ ရောက်ရမှာ ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်လှူဒါန်းရန်
တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
ဘုရင့်နောင်ရင်ပြင်အနီး၊ ဗိုလ်ချုပ်လမ်းမဘေး၊ ၀မ်ကောင်းရပ်ကွက်။
မြန်မာဖုန်း။ ။ 09-5242490၊ 084-51749
ထိုင်းဖုန်း။ ။ 082-3868446
ဦးအောင်ဖြိုးရှိန်
( သူရိယ သင်္ကန်းတိုက် )
အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။ ။ 089-7558729 | မြန်မာဖုန်း။ ။ 09-49032810 | 09-43136431