၂၀၁၅ခုနှစ်၏ သင်္ကြန်ပွဲတော်အား တာချီလိတ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဗဟိုသင်္ကြန်မဏ္ဍပ် နှင့် တပ်နယ်မဏ္ဍပ် အပါအ၀င် ရပ်ကွက်မဏ္ဍပ် စုစုပေါင်း(၅)ခုအား ယနေ့ ဧပြီလ (၁၀)ရက်နေ့တွင် ဆောက်လုပ် ပြင်ဆင်နေလျက်ရှိသည်။
ဗဟိုသင်္ကြန် မဏ္ဍပ်အား ရှမ်းရိုးမကွင်းတွင် ဆောက်လုပ်ထားပြီး၊ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက် စုစုပေါင်း (၄)ရပ်ကွက်ပေါင်း မဏ္ဍပ်အား ပြည်သူ့ဆေးရုံရှေ့တွင် ဆောက်လုပ်ထားသည်။
ထို့အတူ ဆန်ဆိုင်း(က၊ခ)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက် (၃)ရပ်ကွက်ပေါင်း မဏ္ဍပ်အား ဆန်ဆိုင်းဈေးအနီး ဗိုလ်ချုပ်လမ်းဘေးတွင် ဆောက်လုပ်ထားပြီး၊ ရန်အောင်မြေရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ ၀ိန်းကျောက်ရပ်ကွက်နှင့် ဆေခမ်းရပ်ကွက် စုစုပေါင်း (၄)ရပ်ကွက်ပေါင်း သင်္ကြန်မဏ္ဍပ်အား မိုင်းယွန်းဆီပန့်ရှေ့တွင် ဆောက်လုပ်ထားကြောင်း နှင့် တပ်နယ် မဏ္ဍပ်အား အ.ထ.က(ဟောင်လိတ်) ကျောင်းရှေ့တွင် ဆောက်လုပ်ထားကြောင်း သိရသည်။
#TachileikOnlineNews
www.tachileik.net ❂⊱