ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ မျက်စိဝေဒနာရှင်များအား ကျိုင်းတုံ၌ အခမဲ့ ကုသပေးမည်ဖြစ်ရာ ကုသခံလိုသူ ဝေဒနာရှင်များ စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ မျက်စိဝေဒနာရှင်များအား ကျိုင်းတုံ၌ အခမဲ့ ကုသပေးမည်ဖြစ်ရာ ကုသခံလိုသူ ဝေဒနာရှင်များ စာရင်းပေးသွင်းနိုင်
ဧပြီ 11, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မေလအတွင်း၌ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ မျက်စိဝေဒနာရှင် ပြည်သူများအား အခမဲ့ စမ်းသပ် စစ်ဆေးပေးခြင်း နှင့် အခမဲ့ ခွဲစိပ်ကုသပေးခြင်းအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း အတွင်းရှိ မျက်စိဝေဒနာရှင် ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့တွင် ဧပြီလ(၂၈)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းထားသော ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မျက်စိဝေဒနာရှင် ပြည်သူများကို အခမဲ့ စမ်းသပ် စစ်ဆေးပေးခြင်းအဖြစ် ၂၀၁၅ခုနှစ် မေလ(၁၁)ရက်မှ (၁၂)ရက်နေ့အထိ ဆောင်ရွက်ပေးမှာဖြစ်ပြီး အခမဲ့ ခွဲစိပ်ကုသခြင်းအဖြစ် မေလ(၁၃)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆောင်ရွက်ပေးမည်ဖြစ်ရာ ထိုသို့ ကုသ ဆောင်ရွက်ပေးမှုသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၏ လမ်းညွှန်ချက်အရ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့ ကုသခွင့်ရရှိရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့တွင် အသေးစိတ်မေးမြန်း စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~