(၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် တပ်ဖွဲ့ဝင်များအား ညစာ စားပွဲနှင့်အတူ ဂုဏ်ပြုချီးမြှင့်

(၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် တပ်ဖွဲ့ဝင်များအား ညစာ စားပွဲနှင့်အတူ ဂုဏ်ပြုချီးမြှင့်
မေ 5, 2015
By Tachileik News Agency

ယနေ့ ၂၀၁၅ခုနှစ် မေလ(၅)ရက်နေ့သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၆၉)နှစ်မြောက်နေ့ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ မီးသတ်ဦးစီးဌာနရုံးများ၊ တပ်ဖွဲ့စခန်းများတွင် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်လျက်ရှိရာ တာချီလိတ်မြို့တွင်လည်း နံနက်ပိုင်း၌ ကျင်းပပြုလုပ်ပြီးနောက် ညပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူးမှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာ စားပွဲနှင့်အတူ ဆန်/ဆီ ထောက်ပံ့သည့် အခမ်းအနားကို ယနေ့ည(၆)နာရီခွဲက မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာပင် ကျင်းပပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၆၉)နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်က တပ်ဖွဲ့ဝင်များနှင့်အတူ ဂုဏ်ပြုညစာ စားပွဲပြုလုပ်ပေးရခြင်းနှင့် ဆန်/ဆီ အပါအ၀င် ဆုကြေးငွေများကို ချီးမြှင့်ပေးခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့သို့ ကူညီပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍  မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် နှင့် ဇနီး ဒေါ်အေးအေးမာ ၊ မြို့နယ်​မီး​ဘေးတားဆီးကာကွယ်​​ရေး ကော်​မတီဝင် ဦးအောင်ဖြိုးရှိန်တို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တစ်ဦးချင်းနှင့် အိမ်ထောင်တစ်စုချင်းစီကို ဆန်(၂၀)ကီလို နှင့် ဆီ(၂)ကီလိုအပြင် ဆု​ကြေး​ငွေများအား ပေးအပ်ချီးမြှင့်ကြရာ တပ်ဖွဲ့မိသားစုဝင်များမှ ၀မ်းမြောက်စွာ ရယူခဲ့ကြသည်။

ပုံများကိုကြည့်ရန်
မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net