နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ တိုးမြှင့်ပင်စင် လစာများ ထုတ်ပေးလျက်ရှိ

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ တိုးမြှင့်ပင်စင် လစာများ ထုတ်ပေးလျက်ရှိ
မေ 23, 2015
By Tachileik News Agency

နိုင်ငံတော်မှ ၀န်ထမ်းများကို ၂၀၁၅ ခုနှစ်၊ ဧပြီလမှ စတင်၍ လစာများအား တိုးမြှင့်ပေးသည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာများကိုလည်း တိုးမြှင့်ပေးခဲ့ရာ တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တိုးမြှင့်ပေးလိုက်သည့် ပင်စင်လစာများအား ယခုလအတွက် မေ(၂၁)ရက်၊ နံနက်(၉)နာရီခွဲက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် လစဉ်(၂၁)ရက်နေ့မှစတင်ပြီး အီးပင်စင်ကတ်များဖြင့် ထုတ်ပေးလျက်ရှိ ကြောင်း  ခရိုင်မန်နေဂျာ ဦးမျိုးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများကလည်း တိုးမြှင့်ပင်စင် လစာများအား စနစ်တကျ အလွယ်တကူ ထုတ်ယူရသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရသည်။

သတင်း။   ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~