အစိုးရသက်တမ်း (၅)နှစ်အတွင်း တာချီလိတ်ခရိုင် တစ်ခုလုံး အရပ်ရပ် စုစုပေါင်း ကျပ်သန်းပေါင်း (၄၀,၅၇၃)သန်း အသုံးပြုခဲ့

အစိုးရသက်တမ်း (၅)နှစ်အတွင်း တာချီလိတ်ခရိုင် တစ်ခုလုံး အရပ်ရပ် စုစုပေါင်း ကျပ်သန်းပေါင်း (၄၀,၅၇၃)သန်း အသုံးပြုခဲ့
အောကျတိုဘာ 27, 2015
By Tachileik News Agency


"ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်တဲ့ စီမံကိန်းတွေကို အချိန်မှီပြီးစီးပြီး လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာလဲ ဒေသတွင်းမှာ ပြည်သူတွေနဲ့ တကယ်ထိတွေ့ဆက်ဆံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတင်ပြချက်တွေကို အဓိကထားပြီး စီမံကိန်းရေးဆွဲရာမှာ ထည့်သွင်း ရေးဆွဲဖို့လိုတယ်၊ ဒါမှ ပြည်သူတွေအမှန်တကယ် အကျိုးခံစားရမှာ၊ ပြီးခဲ့တဲ့ နှစ် စီမံကိန်းအကောင်အထည်ဖေါ်နိုင်မှုဟာ လာမယ့်နှစ်အတွက် အခြေခံဖြစ်တယ်.."ဟု အောက်တိုဘာလ(၂၆)ရက်နေ့က ပြုလုပ်သည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အမှာစကားပြောကြားခဲ့သည်။

တာချီလိတ်ခရိုင်၏ အစိုးရသက်တမ်း (၅)နှစ် ပထမကာလတို (၅)နှစ် စီမံကိန်း(၂၀၁၁-၂၀၁၂)မှ (၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်အတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ကျပ်သန်းပေါင်း (၁၆,၂၃၂)အား လုပ်ငန်းပေါင်း (၆၄၂)ခုတွင် အသုံးပြုခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရေး ရန်ပုံငွေဖြင့် ကျပ်သန်းပေါင်း(၂၃,၀၂၁)အား လုပ်ငန်းပေါင်း(၆၇၁)နှင့် ပြည်နယ်အစိုးရထောက်ပံ့ငွေဖြင့် လုပ်ငန်း(၈၄)ခု ကျပ်သန်း(၅၂၀)၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကျပ်သန်း(၈၀၀)ဖြင့် လုပ်ငန်းပေါင်း (၃၃၄)ခုအား အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ရာ စုစုပေါင်းမှာ ကျပ်သန်းပေါင်း (၄၀,၅၇၃)သန်း ရှိကြောင်း သိရသည်။


***********

( Zawgyi Font ဖြင့် ဖတ်မရသူများအတွက် )

အစိုးရသက်တမ်း (၅)နှစ်အတွင်း တာချီလိတ်ခရိုင်တွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရန်ပုံငွေ အရပ်ရပ်စုစုပေါင်း ကျပ်သန်းပေါင်း (၄၀,၅၇၃)သန်း အသုံးပြုခဲ့ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်တဲ့ စီမံကိန်းတွေကို အချိန်မှီပြီးစီးပြီး လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာလဲ ဒေသတွင်းမှာ ပြည်သူတွေနဲ့ တကယ်ထိတွေ့ဆက်ဆံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတင်ပြချက်တွေကို အဓိကထားပြီး စီမံကိန်းရေးဆွဲရာမှာ ထည့်သွင်း ရေးဆွဲဖို့လိုတယ်၊ ဒါမှ ပြည်သူတွေအမှန်တကယ် အကျိုးခံစားရမှာ၊ ပြီးခဲ့တဲ့ နှစ် စီမံကိန်းအကောင်အထည်ဖော်နိုင်မှုဟာ လာမယ့်နှစ်အတွက် အခြေခံဖြစ်တယ်.."ဟု အောက်တိုဘာလ(၂၆)ရက်နေ့က ပြုလုပ်သည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအေဝးတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အမှာစကားပြောကြားခဲ့သည်။

တာချီလိတ်ခရိုင်၏ အစိုးရသက်တမ်း (၅)နှစ် ပထမကာလတို (၅)နှစ် စီမံကိန်း(၂၀၁၁-၂၀၁၂)မှ (၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွဖြေင့် ကျပ်သန်းပေါင်း (၁၆,၂၃၂)အား လုပ်ငန်းပေါင်း (၆၄၂)ခုတွင် အသုံးပြုခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရေး ရန်ပုံငွဖြေင့် ကျပ်သန်းပေါင်း(၂၃,ဝ၂၁)အား လုပ်ငန်းပေါင်း(၆၇၁)နှင့် ပြည်နယ်အစိုးရထောက်ပံ့ငွဖြေင့် လုပ်ငန်း(၈၄)ခု ကျပ်သန်း(၅၂၀)၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွဖြေင့် ကျပ်သန်း(၈၀၀)ဖြင့် လုပ်ငန်းပေါင်း (၃၃၄)ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စုစုပေါင်းမှာ ကျပ်သန်းပေါင်း (၄၀,၅၇၃)သန်း ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မြစိမ်းရောင် စီမံကိန်းအတွက် ကျေးရွာ(၅၈)ရွာအတွက် ကျပ်သန်းပေါင်း(၁၇၄၀)သန်း အား မတည်ပေးခဲ့ပြီး မွေးမြူရေးကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်ရန် ပြည်ထောင်စုအစိုးရရန်ပုံငွေနှင့် ပြည်နယ်အစိုးရရန်ပုံငွေ(၂)ရပ်ပေါင်း ကျေးရွာ(၂၆)ရွာအတွက် (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်မှ (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ် အထိ ကျပ်သိန်းပေါင်း (၂၆၀၀)အား ထုတ်ချေးပေးနိုင်ခဲ့ကြောင်းသိရသည်။

၎င်းလုပ်ငန်းများမှ (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်တွင် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး ကျပ်သန်းပေါင်း(၁၈၉၈၄၆.၅)သန်း ရရှိခဲ့ပြီး Per Capital GDP (၇၀၃,၂၅၅)ကျပ် ရရှိခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~