၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ဖြင့် တာချီလိတ်၌ စည်းကမ်းပျက်ယာဉ် (၂၃)စီးအား စစ်ဆေး အရေးယူ

၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ဖြင့် တာချီလိတ်၌ စည်းကမ်းပျက်ယာဉ် (၂၃)စီးအား စစ်ဆေး အရေးယူ
ဇနျနဝါရီ 2, 2016
By Tachileik News Agency

ယနေ့ ဇန်န၀ါရီလ (၂)ရက်နေ့တွင် တာချီလိတ်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ယာဉ်/လမ်း စည်းကမ်း ဖောက်ဖျက်သူများအား စစ်ဆေး အရေးယူသည့် အနေဖြင့် နံနက်ပိုင်းက ဆောင်ရွက်ရာ မော်တော်ဆိုင်ကယ်(၂၃)စီး ဖမ်းဆီးရမိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့ ဖမ်းဆီးရမိရာတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း အပါအ၀င် စည်းကမ်းပျက် ဆိုင်ကယ် (၁၅)စီး၊ ယာဉ်မောင်း လိုင်စင်/ယာဉ် လိုင်စင် မပါသည့် မော်တော်ယာဉ် (၇)စီးနှင့် ယာဉ်မောင်းလိုင်စင် မပါသည့် သုံးဘီးဆိုင်ကယ် (၁)စီး စုစုပေါင်း (၂၃)စီးဖြစ်ရာ အမျိုးသား(၁၇)ဦး နှင့် အမျိုးသမီး (၆)ဦး ပါဝင်ကြောင်းနှင့် ဖမ်းဆီးရမိသည့် စည်းကမ်းပျက်ယာဉ်များကို မောင်းနင်လာသူများအား ဇန်န၀ါရီလ(၅)ရက်နေ့တွင် ၂၀၁၅ မော်တော်ယာဉ်ဥပဒေဖြင့် တရားစွဲတင်ပို့မှာဖြစ်ပြီး တရားရုံးတွင် သတ်မှတ် ဒဏ်ငွေများ ဆောင်စေရမှာဖြစ်ကြောင်း သိရသည်။


****************

( unicode )

ယနေ့ ဇန်နဝါရီလ (၂)ရက်နေ့တွင် တာချီလိတ်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ယာဉ်/လမ်း စည်းကမ်း ဖောက်ဖျက်သူများအား စစ်ဆေး အရေးယူသည့် အနဖြေင့် နံနက်ပိုင်းက ဆောင်ရွက်ရာ မော်တော်ဆိုင်ကယ်(၂၃)စီး ဖမ်းဆီးရမိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့ ဖမ်းဆီးရမိရာတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း အပါအဝင် စည်းကမ်းပျက် ဆိုင်ကယ် (၁၅)စီး၊ ယာဉ်မောင်း လိုင်စင်/ယာဉ် လိုင်စင် မပါသည့် မော်တော်ယာဉ် (၇)စီးနှင့် ယာဉ်မောင်းလိုင်စင် မပါသည့် သုံးဘီးဆိုင်ကယ် (၁)စီး စုစုပေါင်း (၂၃)စီးဖြစ်ရာ အမျိုးသား(၁၇)ဦး နှင့် အမျိုးသမီး (၆)ဦး ပါဝင်ကြောင်းနှင့် ဖမ်းဆီးရမိသည့် စည်းကမ်းပျက်ယာဉ်များကို မောင်းနင်လာသူများအား ဇန်နဝါရီလ(၅)ရက်နေ့တွင် ၂၀၁၅ မော်တော်ယာဉ်ဥပဒဖြေင့် တရားစွဲတင်ပို့မှာဖြစ်ပြီး တရားရုံးတွင် သတ်မှတ် ဒဏ်ငွေများ ဆောင်စေရမှာဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတာတွေလည်း ပါပါတယ်၊ စည်းကမ်းပျက် ဆိုင်ကယ်တွေဆိုတာက နံပါတ်ပြား မတပ်ဆင်ထားတာတွေ၊ နောက်ကြည့်မှန် မတပ်ဆင်ထားတာတွေနဲ့ ပါဝါအိတ်ဇော တပ်ဆင်ထားတာတွေပါ၊ ဒီနေ့က တရားရုံးပိတ်ရက်ဖြစ်တဲ့ အတွက် ရုံးဖွင့်ရက်ဖြစ်တဲ့ ဇန်နဝါရီလ(၅)ရက်နေ့မှ တရားစွဲတင်ပို့မှာပါ၊ တရားရုံးက နောက်ပိုင်း ဒဏ်ကြေးကိစ္စတွေ ဆက်လုပ် ပါလိမ့်မယ်..."ဟု တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးရာတွင် အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပို့/ဆက်ဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဌာနတို့ ပါဝင်ကာ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~