ေညာင္ေရႊ၊ ေမ (၃) ရက္
ရွမ္းျပည္နယ္ ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးကန္တြင္ ေရခန္းလာမႈေၾကာင့္ အင္းေလးကန္ဝန္းက်င္ ေက်းရြာ (၁၇)ရြာမွာ ဆက္သြယ္သြားလာရန္ အခက္အခဲရွိေနသျဖင့္ ေျမဆယ္တင္ျခင္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“အခုလက္ရွိမွာေတာ့ ျပည္တြင္းဧည့္သည္ေတြ ႏိုင္ငံျခားခရီးသြားဧည့္သည္ေတြ ဘုရားဖူးသြားလာဖို႔ေတာ့ အဆင္ေျပေနတယ္။ ဒါေပမဲ့ ေဘးနားမွာရွိတဲ့ တစ္ရြာနဲ႔တစ္ရြာ ကူးသန္းသြားလာဖို႔ လမ္းေလွ်ာက္လို႔ကလည္းမရ စက္ေလွနဲ႔လည္းသြားလို႔မရ တာေႀကာင့္ အခက္အခဲျဖစ္ေနတာပါ။”ဟု Save The Innlay အဖြဲ႔မွ ကိုေအာင္ေဇာ္လတ္က ေျပာသည္။
အင္းေလးကန္အနီးဝန္းက်င္တြင္ရွိေသာ ေက်းရြာ (၁၇)ရြာတြင္ သြားလာေရးအဆင္ေျပေစရန္ ရြာေပါင္း(၁၁)ရြာကို သၾကၤန္မတိုင္မီက ပင္ေျမဆယ္ျခင္းလုပ္ငန္းေဆာင္ရြက္ေနလ်ွက္ရွိျပီး လက္ရိွတြင္လည္း ေက်းရြာ(၂)ရြာကို ေျမဆယ္မွဳမ်ား ဆက္လက္ေဆာက္ရြက္ေနလွ်က္ရွိေၾကာင္း Save The Innlay အဖြဲ႕မွ သိရသည္။
“အင္းေလးကန္ဝန္းက်င္မွာရွိတဲ့ ရြာေတာ္ေတာ္မ်ားမ်ားက ေရခန္းေျခာက္ေတာ့ ေသာက္ေရ သုံးေရ ခက္ခဲလာတဲ့အျပင္ သြားေရးလာေရးအတြက္လည္း ခက္ခဲေနတယ္။ အင္းေလးအေနာက္ဘက္ျခမ္းမွာက ပိုဆိုးေနတယ္။ ေဒသခံေတြအေနနဲ႔ အေရးေပၚက်န္းမာေရးအတြက္ သြားေရးလာေရးအဆင္ေျပေအာင္ အခုလို ၀ိုင္း၀န္းပူးေပါင္းေဆာင္ရြက္ေနတာပါ။”ဟု Save The Innlay အဖြဲ႔မွ ကိုေအာင္ေဇာ္လတ္က ေျပာသည္။
အဆိုပါေက်းရြာမ်ားအား ေျမဆယ္ရန္ စက္ယႏၱရားငွားရမ္းခ က်ပ္သိန္း(၃၀) ကုန္က်ရာတြင္ ေဒသခံမ်ားမွ က်ပ္(၅)သိန္းထည့္၀င္ၿပီး ၎တို႔အဖြဲ႕မွ (၂၅)သိန္း ကုန္က်ခံကာ ကူညီေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။
အင္းေလးကန္ ေရခန္းေျခာက္မွဳေၾကာင့္ အနီးပတ္ဝန္းက်င္ေက်းရြာမ်ားတြင္ သြားေရးလာေရးခက္ခဲေနသည့္အျပင္ သီးႏွံမ်ားလည္း အထြက္ႏႈန္းေလ်ာ့နည္းသြားသျဖင့္ ေဒသခံမ်ားအတြက္ စီးပြားေရးအဆင္မေျပျဖစ္ေနေၾကာင္း သိရသည္။
သတင္း။ ။ #ေဇာင္းညီ
..................
ညောင်ရွှေ၊ မေ (၃) ရက်
ရှမ်းပြည်နယ် ညောင်ရွှမြေို့နယ် အင်းလေးကန်တွင် ရေခန်းလာမှုကြောင့် အင်းလေးကန်ဝန်းကျင် ကျေးရွာ (၁၇)ရွာမှာ ဆက်သွယ်သွားလာရန် အခက်အခဲရှိနေသဖြင့် မြေဆယ်တင်ခြင်း လုပ်ဆောင်နေကြောင်း သိရသည်။
“အခုလက်ရှိမှာတော့ ပြည်တွင်းဧည့်သည်တွေ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဘုရားဖူးသွားလာဖို့တော့ အဆင်ပြေနေတယ်။ ဒါပေမဲ့ ဘေးနားမှာရှိတဲ့ တစ်ရွာနဲ့တစ်ရွာ ကူးသန်းသွားလာဖို့ လမ်းလျှောက်လို့ကလည်းမရ စက်လှေနဲ့လည်းသွားလို့မရ တာကြောင့် အခက်အခဲဖြစ်နေတာပါ။”ဟု Save The Innlay အဖွဲ့မှ ကိုအောင်ဇော်လတ်က ပြောသည်။
အင်းလေးကန်အနီးဝန်းကျင်တွင်ရှိသော ကျေးရွာ (၁၇)ရွာတွင် သွားလာရေးအဆင်ပြေစေရန် ရွာပေါင်း(၁၁)ရွာကို သင်္ကြန်မတိုင်မီက ပင်မြေဆယ်ခြင်းလုပ်ငန်းဆောင်ရွက်နေလျှက်ရှိပြီး လက်ရှိတွင်လည်း ကျေးရွာ(၂)ရွာကို မြေဆယ်မှုများ ဆက်လက်ဆောက်ရွက်နေလျှက်ရှိကြောင်း Save The Innlay အဖွဲ့မှ သိရသည်။
“အင်းလေးကန်ဝန်းကျင်မှာရှိတဲ့ ရွာတော်တော်များများက ရေခန်းခြောက်တော့ သောက်ရေ သုံးရေ ခက်ခဲလာတဲ့အပြင် သွားရေးလာရေးအတွက်လည်း ခက်ခဲနေတယ်။ အင်းလေးအနောက်ဘက်ခြမ်းမှာက ပိုဆိုးနေတယ်။ ဒေသခံတွေအနေနဲ့ အရေးပေါ်ကျန်းမာရေးအတွက် သွားရေးလာရေးအဆင်ပြေအောင် အခုလို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေတာပါ။”ဟု Save The Innlay အဖွဲ့မှ ကိုအောင်ဇော်လတ်က ပြောသည်။
အဆိုပါကျေးရွာများအား မြေဆယ်ရန် စက်ယန္တရားငှါးရမ်းခ ကျပ်သိန်း(၃၀) ကုန်ကျရာတွင် ဒေသခံများမှ ကျပ်(၅)သိန်းထည့်ဝင်ပြီး၎င်းတို့အဖွဲ့မှ (၂၅)သိန်း ကုန်ကျခံကာ ကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အင်းလေးကန် ရေခန်းခြောက်မှုကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် သွားရေးလာရေးခက်ခဲနေသည့်အပြင် သီးနှံများလည်း အထွက်နှုန်းလျော့နည်းသွားသဖြင့် ဒေသခံများအတွက် စီးပွားရေးအဆင်မပြဖြေစ်နေကြောင်း သိရသည်။
သတင်း။ #ဇောင်းညီ