မူဆယ္ (၁၀၅)မိုင္တြင္ တရုတ္တင္ပို႔ေနသည့္ သစ္သီးမ်ား အဝင္နည္းလာ

မူဆယ္ (၁၀၅)မိုင္တြင္ တရုတ္တင္ပို႔ေနသည့္ သစ္သီးမ်ား အဝင္နည္းလာ
မေ 9, 2016
By Tachileik News Agency
မူဆယ္၊ ေမလ(၉)ရက္

ျမန္မာႏိုင္ငံအႏွံ႔အျပား မိုးသီးေၾကြ၍ ေလျပင္းတိုက္ျခင္းမ်ားေၾကာင့္ တရုတ္ႏိုင္ငံတင္ပို႔ရန္ မူဆယ္(၁၀၅)မိုင္သို႔ ၀င္ရာက္ေသာ သစ္သီးပမာဏက်ဆင္းလွ်က္ရွိေၾကာင္း သစ္သီးပြဲရံုမ်ားမွ သိရသည္။



 "ေလဒဏ္မိုးဒဏ္ေၾကာင့္ အသီးေတြ အ၀င္နည္းသြားတာ။ အရင္က တစ္ရက္ကို ဆယ္ဘီးကား (၁၂)စီးေလာက္ ၀င္ေနခ်ိန္မွာ အခုဆို(၄)စီး၊ (၅)စီးထက္မပိုဘူး။ သစ္သီးအ၀င္ဆိုရင္(၇၀) ရာခိုင္ႏႈန္းေလာက္ကို အ၀င္နည္းသြားတာ။ သစ္သီးေစ်းႏႈန္းေတာ့ တအားထိုးတက္သြားတာေတာ့မရွိဘူး။ အဓိက အရည္ေသြးေကာင္းတာ ရွားသြားတာေပါ့"ဟု မူဆယ္ၿမိဳ႕ ခြါညိဳသစ္သီးပြဲရံုမွ ကိုစိုင္းမင္းသူက ေျပာသည္။

ျမန္မာႏိုင္ငံမွ ထြက္ေသာ စိန္တလံုးသရက္သီးမွာ တရုတ္ႏိုင္ငံတြင္ လူႀကိဳက္မ်ားလွ်က္ရွိၿပီး သရက္သီးတစ္ဖာလွ်င္ ယြမ္(၅၀)မွ (၁၅၀)အထိရိွၿပီး ေရႊဟသၤာသရက္သီးတစ္ဖာလွ်င္ ယြမ္(၆၀)မွ ယြမ္(၁၄၀)ခန္႔ရိွေၾကာင္း ၎ထံမွ သိရသည္။

မူဆယ္(၁၀၅)မိုင္သို႔ ျမန္မာႏိုင္ငံအႏွံ႔မွ သရက္သီး၊ သခြါးသီးႏွင့္ ဖရဲသီးမ်ား တင္ပို႔လွ်က္ရွိၿပီး မူဆယ္မွတဆင့္ တရုတ္ႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ေနျခင္းျဖစ္သည္။

တရုတ္ႏိုင္ငံ သစ္သီးေစ်းကြက္တြင္ ျမန္မာႏိုင္ငံမွထြက္ရွိေသာ သီးႏွံမ်ားမွာ ေစ်းေကာင္းရလွ်က္ရွိၿပီး Online Shopping မ်ားတြင္ ျပန္လည္ေရာင္းခ်မႈမ်ားရွိေၾကာင္း သစ္သီးပြဲရံုမ်ားထံမွ သိရသည္။



သတင္း ။  ။ ကိုဇက္

...................

မူဆယ်၊ မေလ(၉)ရက်
မြန်မာနိုင်ငံအနှံ့အပြား မိုးသီးကြွေ၍ လပြေင်းတိုက်ခြင်းများကြောင့် တရုတ်နိုင်ငံတင်ပို့ရန် မူဆယ်(၁၀၅)မိုင်သို့ ဝင်ရာက်သော သစ်သီးပမာဏကျဆင်းလျှက်ရှိကြောင်း သစ်သီးပွဲရုံများမှ သိရသည်။

 "လေဒဏ်မိုးဒဏ်ကြောင့် အသီးတွေ အဝင်နည်းသွားတာ။ အရင်က တစ်ရက်ကို ဆယ်ဘီးကား (၁၂)စီးလောက် ဝင်နေချိန်မှာ အခုဆို(၄)စီး၊ (၅)စီးထက်မပိုဘူး။ သစ်သီးအဝင်ဆိုရင်(၇၀) ရာခိုင်နှုန်းလောက်ကို အဝင်နည်းသွားတာ။ သစ်သီးဈေးနှုန်းတော့ တအားထိုးတက်သွားတာတော့မရှိဘူး။ အဓိက အရည်သွေးကောင်းတာ ရှားသွားတာပေါ့"ဟု မူဆယ်မြို့ ခွာညိုသစ်သီးပွဲရုံမှ ကိုစိုင်းမင်းသူက ပြောသည်။

မြန်မာနိုင်ငံမှ ထွက်သော စိန်တလုံးသရက်သီးမှာ တရုတ်နိုင်ငံတွင် လူကြိုက်များလျှက်ရှိပြီး သရက်သီးတစ်ဖာလျှင် ယွမ်(၅၀)မှ (၁၅၀)အထိရှိပြီး ရွှေဟင်္သာသရက်သီးတစ်ဖာလျှင် ယွမ်(၆၀)မှ ယွမ်(၁၄၀)ခန့်ရှိကြောင်း၎င်းထံမှ သိရသည်။

မူဆယ်(၁၀၅)မိုင်သို့ မြန်မာနိုင်ငံအနှံ့မှ သရက်သီး၊ သခွားသီးနှင့် ဖရဲသီးများ တင်ပို့လျှက်ရှိပြီး မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနခြေင်းဖြစ်သည်။


တရုတ်နိုင်ငံ သစ်သီးဈေးကွက်တွင် မြန်မာနိုင်ငံမှထွက်ရှိသော သီးနှံများမှာ ဈေးကောင်းရလျှက်ရှိပြီး Online Shopping များတွင် ပြန်လည်ရောင်းချမှုများရှိကြောင်း သစ်သီးပွဲရုံများထံမှ သိရသည်။


သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~