က်ဳိင္းတံု၊ ေမလ (၁၂)

က်ဳိင္းတံု၊ ေမလ (၁၂)
မေ 12, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေမလ (၁၂) ရက္
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တြင္ သံုးလအတြင္း GSM ဆက္သြယ္ေရး တာဝါတိုင္ အပါအ၀င္ စခန္း (၁၈) ခု တိုးခ်ဲ႕ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ရွမ္း(အေရွ႕) ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ သိရသည္။

" စခန္းမရိွေသးတဲ့ေဒသနဲ႔ လိုင္းက်ပ္ေနတဲ့ေနရာေတြမွာ တည္ေဆာက္သြားပါမယ္။ ၿပီးသြားရင္ ဖုန္းအသံုးျပဳလို႔ရသြားမယ္။ အင္တာနက္သံုးစြဲလို႔ ရသြားမယ္။ ရိွၿပီးသားေနရာဆိုရင္ ထပ္ၿပီးတိုးခ်ဲ႕ျခင္းအားျဖင့္ အရင္က လိုင္းၾကပ္ေနတာ အခုသံုးလို႔ ပိုအဆင္ေျပသြားမွာေပါ့ " ဟု ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း၊ က်ဳိင္းတံုျပည္နယ္ မန္ေနဂ်ာ ဦးသိန္းေဌးျမင့္က ေျပာသည္။

ယင္းကဲ့သုိ႔ တာဝါတိုင္တိုးခ်ဲ႕ျခင္းအား ႏိုင္ငံေတာ္မွ သတ္မွတ္ထားသည့္ ရက္ (၁၀၀) စီမံကိန္းတြင္ လ်ာထားခ်က္အရ  တည္ေဆာက္ေနျခင္းျဖစ္ၿပီး၊ တာဝါတိုင္ေဖာင္ေဒးရွင္းတည္ေဆာက္ျခင္း၊ တာဝါတိုင္ေထာင္ျခင္း၊ စက္ပစၥည္းတပ္ဆင္ျခင္း၊ ဖုန္းလိုင္းမ်ားလႊင့္ျခင္း၊ လုပ္ငန္းအဆင့္ဆင့္အတြက္ ႏိုင္ငံေတာ္မွ သက္ဆိုင္ရာကုမၸဏီမ်ားသို႔  ခြဲေဝသတ္မွတ္ေပးထားၿပီးျဖစ္ေၾကာင္း သိရိွရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ ရက္ (၁၀၀) စီမံကိန္းအတြက္ ဧၿပီလတြင္ ဆက္သြယ္တာဝါတိုင္ (၃) ခု၊ ေမလအတြင္း (၆) ခု၊ ဇြန္လ တြင္ (၉) ခု စုစုေပါင္း (၁၈) ခုတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း ။   ။ ဇင္ေအာင္
...............

ကျိုင်းတုံ၊ မေလ (၁၂) ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် သုံးလအတွင်း GSM ဆက်သွယ်ရေး တာဝါတိုင် အပါအဝင် စခန်း (၁၈) ခု တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှမ်း(အရှေ့) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

" စခန်းမရှိသေးတဲ့ဒေသနဲ့ လိုင်းကျပ်နေတဲ့နေရာတွေမှာ တည်ဆောက်သွားပါမယ်။ ပြီးသွားရင် ဖုန်းအသုံးပြုလို့ရသွားမယ်။ အင်တာနက်သုံးစွဲလို့ ရသွားမယ်။ ရှိပြီးသားနေရာဆိုရင် ထပ်ပြီးတိုးချဲ့ခြင်းအားဖြင့် အရင်က လိုင်းကြပ်နေတာ အခုသုံးလို့ ပိုအဆင်ပြေသွားမှာပေါ့ " ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကျိုင်းတုံပြည်နယ် မန်နေဂျာ ဦးသိန်းဌေးမြင့်က ပြောသည်။

ယင်းကဲ့သို့ တာဝါတိုင်တိုးချဲ့ခြင်းအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရက် (၁၀၀) စီမံကိန်းတွင် လျာထားချက်အရ တည်ဆောက်နခြေင်းဖြစ်ပြီး၊ တာဝါတိုင်ဖောင်ဒေးရှင်းတည်ဆောက်ခြင်း၊ တာဝါတိုင်ထောင်ခြင်း၊ စက်ပစ္စည်းတပ်ဆင်ခြင်း၊ ဖုန်းလိုင်းများလွှင့်ခြင်း၊ လုပ်ငန်းအဆင့်ဆင့်အတွက် နိုင်ငံတော်မှ သက်ဆိုင်ရာကုမ္ပဏီများသို့ ခွဲဝေသတ်မှတ်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ရက် (၁၀၀) စီမံကိန်းအတွက် ဧပြီလတွင် ဆက်သွယ်တာဝါတိုင် (၃) ခု၊ မေလအတွင်း (၆) ခု၊ ဇွန်လ တွင် (၉) ခု စုစုပေါင်း (၁၈) ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~