ေကာလာဟလ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ျပင္ဦးလြင္ ရြာေျမမ်ား အေရာင္း၀ယ္ျဖစ္လ်ွက္ရွိ

ေကာလာဟလ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ျပင္ဦးလြင္ ရြာေျမမ်ား အေရာင္း၀ယ္ျဖစ္လ်ွက္ရွိ
မေ 16, 2016
By Tachileik News Agency

ျပင္ဦးလြင္၊ ေမလ (၁၆) ရက္
မႏၱေလးတုိင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ အိမ္ျခံေျမေစ်းကြက္အတြင္း ေျမကြက္မ်ားဖ်က္သိမ္းမည္ဆုိသည့္ သတင္းမ်ားထြက္ေပၚေနေသာ္လည္း ရြာေျမမ်ားအေရာင္းအ၀ယ္ျဖစ္ေနေၾကာင္း ျပင္ဦးလြင္ၿမိဳ႕ အိမ္ၿခံေျမလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

ျပင္ဦးလြင္ၿမဳိ႕နယ္၌ လယ္ေျမ၊ သစ္ေတာေျမမ်ား အကြက္ရိုက္ေရာင္းခ်မႈမ်ားရွိေနျပီး အဆိုပါ သစ္ေတာေျမမ်ားအား (၃)လအတြင္း ဖ်က္သိမ္းမည္ဆုိေသာ သတင္းမ်ားထြက္ေပၚေနျခင္းျဖစ္သည္။

 “ျပင္ဦးလြင္ၿမိဳ႕ရဲ႕ အနီးနားက ရြာေျမေတြကေတာ့ အေရာင္းအ၀ယ္ေကာင္းတယ္။ ရြာေျမဆိုတာက လယ္ ေျမေတြလို အရႈပ္အရွင္းမရွိဘူး။ စိတ္ခ်ရတယ္။ စိတ္ခ်ရေတာ့ ၀ယ္တဲ့သူေတြအတြက္လည္း အဆင္ေျပတာေပါ့။ တခ်ိဳ႕လယ္ေတြကို အကြက္ရိုက္ေရာင္းတဲ့သူေတြလည္းရွိတယ္။↔ ဟု ေဒသခံ အိမ္၊ျခံ၊ေျမပြဲစား ေဒၚခင္သန္းက ဆိုသည္။

လက္ရွိတြင္ ျပင္ဦးလြင္ျမဳိ႕နယ္အတြင္း အနီးစခန္း၊ ေအာင္ခ်မ္းသာ၊ ျပင္စာႏွင့္ ၿမိဳ႕ႏွင့္ အနီးတစ္၀ိုက္ရြာမ်ားအား ၂၀၀၇  ခုနွစ္ခန္႕မွစတင္၍ ျပင္ဦးလြင္ၿမိဳ႕၏ ရပ္ကြက္ႀကီးမ်ားအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္တြင္ အေရာင္းအ၀ယ္ေကာင္းေသာ အေနအထားတြင္ ရွိေနေၾကာင္း သိရသည္။

 “လယ္ေျမ၊သစ္ေတာေျမေတြက အကြက္ရိုက္ေရာင္းလို႔မရဘူး။ တခ်ိဳ႕လည္း နီးစပ္ရာ လူေတြက အကြက္ရိုက္ ေရာင္းၾကတယ္။ မသိတဲ့သူေတြကလည္း ေစ်းေပါေတာ့၀ယ္ၾကတာေပါ့။ အခုအဲဒီလိုအကြက္ရိုက္ေရာင္းထား တာေတြကို ဖ်က္သိမ္းမယ္။ သံုးလအတြင္းေရႊ႕ေပးရမယ္လို႔လည္း သတင္းေတြေတာ့ၾကားတယ္။ တိတိက်က် ေတာ့ ဘာမွမရွိေသးဘူး။”ဟုေဒသခံ အိမ္ျခံေျမ ပြဲစားကိုေမာင္ျမင့္ကဆိုသည္။
အဆိုပါ ေျမကြက္မ်ားမွာ ေပ ၁၀၀×ေပ ၆၀ ပတ္လည္ရွိေသာ ေျမတကြက္လွ်င္ က်ပ္သိန္း (၃၀၀) မွ (၅၀၀)အထိ ေပါက္ေစ်းရွိေနေၾကာင္း သိရသည္။

အစိုးရသစ္တက္လာၿပီးေနာက္ပိုင္းႏွင့္ သၾကၤန္အျပီးကာလမ်ားတြင္ ရြာေျမမ်ားအေရာင္းအ၀ယ္ လိုက္လာ ေသာ္လည္း ေမလအတြင္းအေရာင္းအ၀ယ္မ်ား ျပန္လည္ေအးလာေၾကာင္း သိရသည္။

ရြာေျမမ်ားအား ရန္ကုန္၊ မႏၱေလးႏွင့္ လားရိႈးမွ အ၀ယ္မ်ားၿပီး ေတာင္ျပံဳးပြဲ၊ ဗိုလ္ေလာင္းသင္တန္းဆင္းပြဲ  နွင့္  ေက်ာင္းဖြင့္ေသာရာသီမ်ားတြင္ အေရာင္းအ၀ယ္အျဖစ္မ်ားျပီး မိုးတြင္းတြင္အေရာင္း/ အ၀ယ္ပါးေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္(မႏၱေလး)
..................

ပြင်ဦးလွင်၊ မေလ (၁၆) ရက်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များဖျက်သိမ်းမည်ဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း ရွာမြေများအရောင်းအဝယ်ဖြစ်နေကြောင်း ပြင်ဦးလွင်မြို့ အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ လယ်မြေ၊ သစ်တောမြေများ အကွက်ရိုက်ရောင်းချမှုများရှိနပြေီး အဆိုပါ သစ်တောမြေများအား (၃)လအတွင်း ဖျက်သိမ်းမည်ဆိုသော သတင်းများထွက်ပေါ်နခြေင်းဖြစ်သည်။

 “ပြင်ဦးလွင်မြို့ရဲ့ အနီးနားက ရွာမြေတွေကတော့ အရောင်းအဝယ်ကောင်းတယ်။ ရွာမြေဆိုတာက လယ် မြေတွေလို အရှုပ်အရှင်းမရှိဘူး။ စိတ်ချရတယ်။ စိတ်ချရတော့ ဝယ်တဲ့သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ တချို့လယ်တွေကို အကွက်ရိုက်ရောင်းတဲ့သူတွေလည်းရှိတယ်။↔ ဟု ဒေသခံ အိမ်၊ခြံ၊မြေပွဲစား ဒေါ်ခင်သန်းက ဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့နယ်အတွင်း အနီးစခန်း၊ အောင်ချမ်းသာ၊ ပြင်စာနှင့် မြို့နှင့် အနီးတစ်ဝိုက်ရွာများအား ၂၀၀၇ ခုနှစ်ခန့်မှစတင်၍ ပြင်ဦးလွင်မြို့၏ ရပ်ကွက်ကြီးများအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အရောင်းအဝယ်ကောင်းသော အနေအထားတွင် ရှိနေကြောင်း သိရသည်။

 “လယ်မြေ၊သစ်တောမြေတွေက အကွက်ရိုက်ရောင်းလို့မရဘူး။ တချို့လည်း နီးစပ်ရာ လူတွေက အကွက်ရိုက် ရောင်းကြတယ်။ မသိတဲ့သူတွေကလည်း ဈေးပေါတော့ဝယ်ကြတာပေါ့။ အခုအဲဒီလိုအကွက်ရိုက်ရောင်းထား တာတွေကို ဖျက်သိမ်းမယ်။ သုံးလအတွင်းရွှေ့ပေးရမယ်လို့လည်း သတင်းတွေတော့ကြားတယ်။ တိတိကျကျ တော့ ဘာမှမရှိသေးဘူး။”ဟုဒေသခံ အိမ်ခြံမြေ ပွဲစားကိုမောင်မြင့်ကဆိုသည်။
အဆိုပါ မြေကွက်များမှာ ပေ ၁၀၀×ပေ ၆၀ ပတ်လည်ရှိသော မြေတကွက်လျှင် ကျပ်သိန်း (၃၀၀) မှ (၅၀၀)အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်းနှင့် သင်္ကြန်အပြီးကာလများတွင် ရွာမြေများအရောင်းအဝယ် လိုက်လာ သော်လည်း မေလအတွင်းအရောင်းအဝယ်များ ပြန်လည်အေးလာကြောင်း သိရသည်။

ရွာမြေများအား ရန်ကုန်၊ မန္တလေးနှင့် လားရှိုးမှ အဝယ်များပြီး တောင်ပြုံးပွဲ၊ ဗိုလ်လောင်းသင်တန်းဆင်းပွဲ နှင့် ကျောင်းဖွင့်သောရာသီများတွင် အရောင်းအဝယ်အဖြစ်များပြီး မိုးတွင်းတွင်အရောင်း/ အဝယ်ပါးကြောင်း သိရသည်။

သတင်း။ ရွှေဇော်(မန္တလေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~