မကွေး၊ မေလ (၁၇)ရက်
လက်ရှိတွင် ယာသီးနှံစိုက်ပျိုးသော တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေရရှိမှုနည်းပါးသည့်အပြင် စိုက်ပျိုးချိန်အမီ ထုတ်ချေးခွင့်မရရှိကြသဖြင့် အတိုးကြီးပေးပြီး ပေါင်နှံချေးငှား၍လည်းကောင်း၊ ကြိုပေးစနစ်ဖြင့် သီးနှံများအား ဈေးနှိမ်ရောင်းချခြင်းအနေဖြင့် လည်းကောင်း ပြုလုပ်နေကြရကြောင်း သိရသည်။
တောင်သူအများစုမှာ သီးနှံပေါ်ချိန်တွင် မျိုးစေ့သိမ်းဆည်းထားနိုင်ခြင်းမရှိဘဲ ရသမျှ အကုန်ရောင်းရလေ့ရှိသဖြင့် စိုက်ပျိုးရာသီတွင် ဈေးကြီးပေး၍ ဝယ်ယူစိုက်ပျိုးနေရကာ စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်းကြောင့် ယာစိုက်တောင်သူနှင့် လယ်စိုက်တောင်သူခွဲခြားခြင်းမရှိဘဲ တစ်ပြေးညီ ထုတ်ပေးရန် တောင်သူများက လိုလားနေခြင်းဖြစ်သည်။
သတင်း။ ။ ဖီးနစ်(မကွေး)
.............
မကွေး၊ မေလ (၁၇)ရက်
၂၀၁၆ ခုနှစ် သီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား လယ်နှင့်ယာ ခွဲခြားခြင်းမရှိဘဲ တစ်ပြေးညီ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးရန် မကွေးမြို့နယ်အတွင်းရှိ တောင်သူများ လိုလားလျှက်ရှိကြောင်း သိရသည်။
“လယ်သမားကို စိုက်ပျိုးစရိတ်ချေးငွေ (၁)ဧကကို ကျပ်(၂)သိန်း၊ ယာသမားကျတော့ ကျပ် (၁)သိန်း ပဲ ထုတ်ချေးတယ်။ စိုက်စရိတ်ချင်းယှဉ်ရင် ယာသမားကတောင် ပိုပြီးကုန်ကျမှုရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လယ်နဲ့ယာ မခွဲခြားဘဲ တစ်ပြေးညီ ထုတ်ချေးစေချင်တာပဲ။ ချေးငွေရပြန်တော့လည်း စိုက်ချိန်လွန်မှဆိုတော့ အတိုးကြီးပေးပြီး ချေးငှါးစိုက်ရတာဖြစ်လို့ တောင်သူတွေအဖို့ အရမ်းနစ်နာရတယ်”ဟု ဦးအောင်မြင်က ပြောသည်။
လက်ရှိတွင် ယာသီးနှံစိုက်ပျိုးသော တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေရရှိမှုနည်းပါးသည့်အပြင် စိုက်ပျိုးချိန်အမီ ထုတ်ချေးခွင့်မရရှိကြသဖြင့် အတိုးကြီးပေးပြီး ပေါင်နှံချေးငှါး၍လည်းကောင်း၊ ကြိုပေးစနစ်ဖြင့် သီးနှံများအား ဈေးနှိမ်ရောင်းချခြင်းအနဖြေင့် လည်းကောင်း ပြုလုပ်နကြေရကြောင်း သိရသည်။
တောင်သူအများစုမှာ သီးနှံပေါ်ချိန်တွင် မျိုးစေ့သိမ်းဆည်းထားနိုင်ခြင်းမရှိဘဲ ရသမျှ အကုန်ရောင်းရလေ့ရှိသဖြင့် စိုက်ပျိုးရာသီတွင် ဈေးကြီးပေး၍ ဝယ်ယူစိုက်ပျိုးနေရကာ စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်းကြောင့် ယာစိုက်တောင်သူနှင့် လယ်စိုက်တောင်သူခွဲခြားခြင်းမရှိဘဲ တစ်ပြေးညီ ထုတ်ပေးရန် တောင်သူများက လိုလားနခြေင်းဖြစ်သည်။
သတင်း။ ဖီးနစ်(မကွေး)