မကွေး၊ မေလ (၂၂) ရက်
မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက မီးဘေးသင့်ခဲ့သည့် မကွေးမြို့နယ် ညောင်သာယာ ကျေးရွာသို့ မျိုးမြေပဲ စေ့ (၁၀၂)တင်း၊ နှမ်းမျိုးစေ့ (၁၇၈)တင်းနှင့် လိုအပ်သော ဓာတ်မြေသြဇာများကိုလည်း ပံ့ပိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။
"စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့  မြေပဲမျိုး နှမ်းမျိုးတွေကိုပဲ ပံ့ပိုးပေးမှာမဟုတ်ဘဲ မြေသြဇာတွေကိုပါ NGO အဖွဲ့ တွေနဲ့  ချိတ်ဆက်ပြီး အကူအညီပေးသွားဖို့  စီစဉ်နေပါတယ်" ဟု ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
မီးဘေးသင့်ခံသည့် မကွေးမြို့နယ် ညောင်ပင်သာကျေးရွာတွင် တောင်သူများအနေဖြင့် မိုးသီးနှံစိုက်ပျိုးရန် စိုက်ပျိုးရေးသုံးကိရိယာနှင့် စိုက်ပျိုးစရိတ်များအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
သတင်း။ ။ #ဖီးနစ်
.................
မကွေး၊ မေလ (၂၂) ရက်
မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက မီးဘေးသင့်ခဲ့သည့် မကွေးမြို့နယ် ညောင်သာယာ ကျေးရွာသို့ မျိုးမြေပဲ စေ့ (၁၀၂)တင်း၊ နှမ်းမျိုးစေ့ (၁၇၈)တင်းနှင့် လိုအပ်သော ဓာတ်မြသြေဇာများကိုလည်း ပံ့ပိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။
"စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ မြေပဲမျိုး နှမ်းမျိုးတွေကိုပဲ ပံ့ပိုးပေးမှာမဟုတ်ဘဲ မြသြေဇာတွေကိုပါ NGO အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးသွားဖို့ စီစဉ်နေပါတယ်" ဟု ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
မီးဘေးသင့်ခံသည့် မကွေးမြို့နယ် ညောင်ပင်သာကျေးရွာတွင် တောင်သူများအနဖြေင့် မိုးသီးနှံစိုက်ပျိုးရန် စိုက်ပျိုးရေးသုံးကိရိယာနှင့် စိုက်ပျိုးစရိတ်များအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
“မီးဘေးသင့်ခံရတော့ ဘာမှပြန်မရခဲ့တာကြောင့် လှူဒါန်းကြတာ မျိုးစေ့ရပေမဲ့ စိုက်ပျိုးရေးသွင်းအားစုတွဖြေစ်တဲ့ မြသြေဇာတို့၊ စိုက်ပျိုးရေးသုံးပစ္စည်းတို့၊ ပေါင်းထိုးရိတ်သိမ်းလုပ်အားခတို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့လက မိုးရွာလို့ ကြဲခဲ့တဲ့ နှမ်းမျိုးစေ့လေးကလည်း မိုးကပြတ်သွားတော့ ဆုံးကုန်ကြတယ်”ဟု ညောင်ပင်သာကျေးရွာမှ တောင်သူ ဦးသန်းထိုက်ဦးက ပြောသည်။
၂၀၁၆ခုနှစ် မတ်လ(၁၆)ရက်နေ့က လောင်ခဲ့သောမီးကြောင့် မကွေးမြို့နယ် ညောင်ပင်သာကျေး ရွာရှိ နေအိမ်(၁၇၃)လုံး မီးသင့်ပြီး စိုက်ပျိုးရေးသုံးပစ္စည်းများ၊ မျိုးစေ့များ ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်ကျေးရွာမှ တောင်သူ (၆၈)ဦး၏ စိုက်ဧက (၆၆၅.၅)ဧကအတွက် တယ်လီနောကုမ္ပဏီနှင့် ရန်ပုံငွေပံ့ပိုးမှုပေါင်းစု လုပ်အားအကူအညီပေးရေးအဖွဲ့ (NAG)တို့က မျိုးမြေပဲဆံ(၂၅၃.၅)တင်း၊ စမုံနက်နှမ်းမျိုး (၉၃)တင်းကျော် တန်ဖိုးစုစုပေါင်းကျပ်(၁၉၆)သိန်းကျော်ဖိုး ထောက်ပံ့ထားခြင်းဖြစ်သည်။
သတင်း။ #ဖီးနစ်