က်ိုဳင္းတံုၿမိဳ႕ တိုင္းရင္းသားေက်းရြာမ်ားတြင္ ႏုိင္ငံျခားခရီးသြားမ်ား Home Stay ခြင့္ျပဳခ်က္ရရန္ ေဆာင္ရြက္ေန

က်ိုဳင္းတံုၿမိဳ႕ တိုင္းရင္းသားေက်းရြာမ်ားတြင္ ႏုိင္ငံျခားခရီးသြားမ်ား Home Stay ခြင့္ျပဳခ်က္ရရန္ ေဆာင္ရြက္ေန
မေ 22, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေမလ(၂၂)ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ရွိ ဧည့္သည္အသြားအလာမ်ားေသာ တိုင္းရင္းသားေက်းရြာမ်ားတြင္ ညအိပ္တည္းခိုႏိုင္သည့္ (Home Stay)မ်ား ခြင့္ျပဳရန္ စီမံလွ်က္ရိွေၾကာင္း သိရသည္။

ႏိုင္ငံျခားခရီးသြားဧည့္သည္မ်ား ေတာင္ေပၚညအိပ္တည္းခိုႏုိင္ရန္ က်ိဳင္းတုံၿမိဳ႕ရိွ ပ်င္းေတာက္ေရတံခြန္ ၊ လြယ္ေမြေတာင္စသည့္ ေနရာမ်ားကို လ်ာထားၿပီး အျမန္ဆံုး ဖြင့္လွစ္ႏိုင္ေရးအတြက္ ဟိုတယ္ႏွင့္ခရီးသြား ၀န္ႀကီးဌာနသို႔ တင္ျပေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း MTGA ခရီးသြားဧည့္လမ္းညႊန္အသင္းမွ နာယက ဦးစိုင္း၀င္းက ေျပာသည္။

“မၾကာမီ က်ိဳင္းတုံမွာ home stay ေတြဖြင့္ဖို႔ရွိတယ္။ အဲဒါေတြဖြင့္တဲ့အခါမွာ တိုင္းရင္းသားေတြ ၀င္ေငြရမွာေပါ့။ အခုဟာက ကၽြန္ေတာ္တို႔ လႈပ္ရွားေနတာ ႏွစ္(၂၀)ေက်ာ္ၿပီ။ တိုင္းရင္းသားေတြ ဘာ၀င္ေငြမွ မရဘူး။ ဟိုတယ္ပိုင္ရွင္ေတြပဲ ရတာ။” ၎က ေျပာသည္။

က်ိဳင္းတုံၿမိဳ႕သို႔ ႏိုင္ငံျခားခရီးသြားဝင္ေရာက္မႈမွာ ရန္ကုန္ၿမိဳ႕မွ ေလေၾကာင္းျဖင့္ ဝင္ေရာက္မႈႏွင့္ ထိုင္း - ျမန္မာ နယ္စပ္ဂိတ္ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕မွ ဝင္ေရာက္မႈအျပင္ မိုင္းလားေဒသမွတဆင့္ တရုတ္ခရီးသြားမ်ားလည္း ဝင္ေရာက္ေလ့ရိွေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
................

ကျိုင်းတုံ၊ မေလ(၂၂)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ဧည့်သည်အသွားအလာများသော တိုင်းရင်းသားကျေးရွာများတွင် ညအိပ်တည်းခိုနိုင်သည့် (Home Stay)များ ခွင့်ပြုရန် စီမံလျှက်ရှိကြောင်း သိရသည်။

နိုင်ငံခြားခရီးသွားဧည့်သည်များ တောင်ပေါ်ညအိပ်တည်းခိုနိုင်ရန် ကျိုင်းတုံမြို့ရှိ ပျင်းတောက်ရေတံခွန်၊ လွယ်မွေတောင်စသည့် နေရာများကို လျာထားပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း MTGA ခရီးသွားဧည့်လမ်းညွှန်အသင်းမှ နာယက ဦးစိုင်းဝင်းက ပြောသည်။

“မကြာမီ ကျိုင်းတုံမှာ home stay တွေဖွင့်ဖို့ရှိတယ်။ အဲဒါတွေဖွင့်တဲ့အခါမှာ တိုင်းရင်းသားတွေ ဝင်ငွေရမှာပေါ့။ အခုဟာက ကျွန်တော်တို့ လှုပ်ရှားနေတာ နှစ်(၂၀)ကျော်ပြီ။ တိုင်းရင်းသားတွေ ဘာဝင်ငွေမှ မရဘူး။ ဟိုတယ်ပိုင်ရှင်တွေပဲ ရတာ။”၎င်းက ပြောသည်။

ကျိုင်းတုံမြို့သို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာ ရန်ကုန်မြို့မှ လေကြောင်းဖြင့် ဝင်ရောက်မှုနှင့် ထိုင်း - မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် တာချီလိတ်မြို့မှ ဝင်ရောက်မှုအပြင် မိုင်းလားဒေသမှတဆင့် တရုတ်ခရီးသွားများလည်း ဝင်ရောက်လေ့ရှိကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~