လားရႈိး၊ ေမလ(၂၃) ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တိုက္ပြဲမ်ားေၾကာင့္ လားရႈိးၿမိဳ႕ႏွင့္ သီေပါၿမိဳ႕ၾကားရိွ နမ့္ေပါင္တုိက္နယ္ေဆး႐ုံမွ က်န္းမာေရးဝန္ထမ္းမ်ား ထြက္ေျပးတိမ္းေရွာင္ေနဆဲျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
"ဆရာ၀န္ေတြရွိလားဆုိၿပီး ေမးပါတယ္။ မရွိဘူးေျပာေတာ့ ဆရာ၀န္ေနတဲ့အိမ္ကုိလည္း သြားရွာပါတယ္။ မယုံလုိ႔ ေဆး႐ုံ၀င္းထဲလည္း လုိက္ရွာပါတယ္။ ဆရာ၀န္မရွိမွန္း ေသခ်ာမွ ျပန္သြားၾကတယ္။ အခုလုိ လာရွာၿပီဆုိကတည္းက နမ့္ေပါင္တုိက္နယ္ေဆး႐ုံမွာ တာ၀န္က်ေနတဲ့ က်န္းမာေရး၀န္ထမ္းေတြရဲ႕ အသက္အႏၲရာယ္ဟာ စုိးရိမ္ရပါတယ္ "ဟု ေဆးရံုေစာင့္က ေျပာသည္။
တုိက္ပဲြစျဖစ္သည့္ညတြင္ နမ့္ေပါင္တုိက္နယ္ေဆးရံုသို႔ လက္နက္ကုိင္ (၇)ဦးခန္႔သည္ မ်က္လံုးေပါက္သာ ပါေသာ ေခါင္းစြပ္မ်ားစြပ္၍ေရာက္လာၿပီး ဝန္ထမ္းမ်ားအား လုိက္လံရွာေဖြခဲ့ေၾကာင္း ၎ထံမွသိရသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္၊ နမၼေက်းရြာအနီးတစ္၀ုိက္တြင္ ျဖစ္ပြားေနေသာ တုိက္ပဲြမ်ားေၾကာင့္ တိုက္ပြဲျဖစ္ပြားရာေဒသႏွင့္ (၄)မိုင္အကြာရိွ လား႐ႈိးၿမိဳ႕နယ္၊ နမ့္ေပါင္ေက်းရြာ တုိက္နယ္ေဆး႐ုံမွာ ေမလ (၁၈) ရက္ေန႔ကတည္းက ပိတ္ထားရျခင္းျဖစ္ၿပီး က်န္းမာေရးဝန္ထမ္းမ်ားသည္ ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနရျခင္း ျဖစ္ေၾကာင္း သိရသည္။
"မေျပးလုိ႔မျဖစ္ပါဘူး။ နမ့္ေပါင္ေက်းရြာဟာ လား႐ႈိးၿမိဳ႕နယ္ထဲမွာဆုိေပမဲ့ တုိက္ပဲြျဖစ္ပြားေနတဲ့ ေက်းရြာေတြနဲ႔ဆုိ (၄)မုိင္ေလာက္သာ ကြာေ၀းပါတယ္။ ဒါေၾကာင့္ လုံၿခံဳေရးစိတ္မခ်ရတဲ့အတြက္ ေက်းရြာတြင္းမွာရွိတဲ့ ရြာသားတခ်ဳိ႕ဟာ သံလြင္ေက်းရြာ၊ ခါးသွ်ိေက်းရြာနဲ႔ လား႐ႈိးၿမိဳ႕ေပၚအထိ ေနရပ္စြန္႔ခြာ စစ္ေဘးေရွာင္ ေနရပါတယ္။ မေန႔ကအခ်ိန္ထိ နမ့္ေပါင္ေက်းရြာအတြင္းမွာရွိတဲ့ ေစ်းဆုိင္ေတြ၊ အိမ္ဆုိင္ေတြ မဖြင့္ရဲၾက ေသးပါဘူး။ ပိတ္ထားတုန္းပါပဲ။ ရြာသားေတြလည္း အျပင္မထြက္ရဲၾကပါဘူး "ဟုေဒသခံတစ္ဦးက ေျပာျပသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ႏွင့္(၄)မိုင္ခန္႔အကြာ သီေပါၿမိဳ႕နယ္ နမၼေက်းရြာအနီးတဝိုက္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရွမ္းတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ျဖစ္သည့္ SSPP/SSA တို႔အၾကား ေမလ (၁၇) ရက္ကစတင္ကာ တိုက္ပြဲျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ေအာင္ျပည့္(လားရႈိး)
...............
လားရှိုး၊ မေလ(၂၃) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများကြောင့် လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ နမ့်ပေါင်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
"ဆရာဝန်တွေရှိလားဆိုပြီး မေးပါတယ်။ မရှိဘူးပြောတော့ ဆရာဝန်နေတဲ့အိမ်ကိုလည်း သွားရှာပါတယ်။ မယုံလို့ ဆေးရုံဝင်းထဲလည်း လိုက်ရှာပါတယ်။ ဆရာဝန်မရှိမှန်း သေချာမှ ပြန်သွားကြတယ်။ အခုလို လာရှာပြီဆိုကတည်းက နမ့်ပေါင်တိုက်နယ်ဆေးရုံမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ရပါတယ် "ဟု ဆေးရုံစောင့်က ပြောသည်။
တိုက်ပွဲစဖြစ်သည့်ညတွင် နမ့်ပေါင်တိုက်နယ်ဆေးရုံသို့ လက်နက်ကိုင် (၇)ဦးခန့်သည် မျက်လုံးပေါက်သာ ပါသော ခေါင်းစွပ်များစွပ်၍ရောက်လာပြီး ဝန်ထမ်းများအား လိုက်လံရှာဖွေခဲ့ကြောင်း၎င်းထံမှသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ နမ္မကျေးရွာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသနှင့် (၄)မိုင်အကွာရှိ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာ တိုက်နယ်ဆေးရုံမှာ မေလ (၁၈) ရက်နေ့ကတည်းက ပိတ်ထားရခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
"မပြေးလို့မဖြစ်ပါဘူး။ နမ့်ပေါင်ကျေးရွာဟာ လားရှိုးမြို့နယ်ထဲမှာဆိုပေမဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေနဲ့ဆို (၄)မိုင်လောက်သာ ကွောဝးပါတယ်။ ဒါကြောင့် လုံခြုံရေးစိတ်မချရတဲ့အတွက် ကျေးရွာတွင်းမှာရှိတဲ့ ရွာသားတချို့ဟာ သံလွင်ကျေးရွာ၊ ခါးသျှိကျေးရွာနဲ့ လားရှိုးမြို့ပေါ်အထိ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရပါတယ်။ မနေ့ကအချိန်ထိ နမ့်ပေါင်ကျေးရွာအတွင်းမှာရှိတဲ့ ဈေးဆိုင်တွေ၊ အိမ်ဆိုင်တွေ မဖွင့်ရဲကြ သေးပါဘူး။ ပိတ်ထားတုန်းပါပဲ။ ရွာသားတွေလည်း အပြင်မထွက်ရဲကြပါဘူး "ဟုဒေသခံတစ်ဦးက ပြောပြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့်(၄)မိုင်ခန့်အကွာ သီပေါမြို့နယ် နမ္မကျေးရွာအနီးတဝိုက်တွင် မြန်မာ့တပ်မတော်နှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် SSPP/SSA တို့အကြား မေလ (၁၇) ရက်ကစတင်ကာ တိုက်ပွဲဖြစ်ပွားနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း။ အောင်ပြည့်(လားရှိုး)