................
တာချီလိတ်၊ မေလ(၂၅)
တာချီလိတ်မြို့တွင် ဧပြီလ (၂၄)ရက်နေ့က လမစေ့ဘဲ အူအခွေလိုက်ထွက်လာသည့် ရောဂါနှင့်အတူ မွေးလာသည့် ကလေးငယ်ကို ထိုင်းနိုင်ငံ ချင်းရိုင်းပြည်သူ့ဆေးရုံတွင် မေ လ ဒုတိယပတ်အတွင်းက ခွဲစိတ်ပြီးစီး အောင်မြင်သွားသော်လည်း ကလေးငယ်၏ ကုသကုန်ကျစရိတ်အား ပေးချေရန် ကျန်ရှိနေသေးသောကြောင့် စေတနာရှင်များ၏ အကူအညီများကို အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“အူထွက်တဲ့ကလေး ကို ခွဲစိတ်မှု (၃) ကြိမ် ပီးသွားပါပြီ။ ၁၀၀ ရာခိုင်နုန်း သေချာသွားပြီ။ ဒါပေမဲ့ ဆေးရုံဆင်းဖို့ ရက်ပိုင်းဘဲ လိုတော့တာကြောင့် ညနေက ချင်းရိုင်းဆေးရုံက ဖုန်းဆက်လာတယ် (၂)သိန်းကျော်ကုန် မယ်ပြောတယ်။ အဲဒါကြောင့် အခုလောလောဆယ်မှာ အရေးပေါ်အလှူရှင်လိုအပ်နေပါတယ်။”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။
ယင်းကလေးငယ်သည် မိုင်းကိုးကျေးရွာအုပ်စု နမ့်တွန်း ကူလောင်း ရွာမှာနေထိုင်ကာ (၇)လခွဲဖြင့် (၁.၅)ကီလို နှင့် မွေးဖွားလာသောကြောင့် ကလေးငယ်ဟာ အလွန်သေးငယ်ပြီး ခွဲစိတ်ကုသမည်ဆိုပါက ရန်ကုန်၊ မန္တလေးတို့တွင် ကုသရန် အဆင်ပြေသော်လည်း အမြန်ဆုံးကုသရမည်ဖြစ်၍ အနီးဆုံးဖြစ်သော ထိုင်းနိုင်ငံ ချင်းရိုင်းဘက်သို့ သွားရောက် ခွဲစိတ်ခဲ့ခြင်းဖြစ်သည်။
“ကလေးငယ်ကို အဆင့်ဆင့် ခွဲစိတ်ရတယ်လို့ သိရတယ်။ နောက်ပြီး စအိုပေါက်ကလည်းကျဉ်းနေတော့ စအိုပေါက်ကိုလည်း ချဲ့ရတယ်လို့သိရသည်။ ကလေးကတော့ ခွဲစိတ်အောင်မြင်သွားပါပြီ တာချီလိတ်ကို ပြန်ဆင်းလာဖို့ ရက်ပိုင်းဘဲ လိုတော့တယ်။ ဆင်းလာရင်လည်း ကျွန်တော်တို့အနေနဲ့ ခွဲစိတ်ပြီးသား ကလေးကို ခွဲစိတ်အနာမှာ တခြားပိုးမွှားတွေ မဝင်အောင်လို့လည်း မကြာခဏတော့ ကြည့်ပေးရမှာပါ။ ခုလောလောဆယ်မှာ ကလေးရဲ့ မိဘတွေက ငွေကြေးမတတ်နိုင်တော့ ချင်းရိုင်းဆေးရုံကိုပေးဖို့ ကုသစရိတ်ကျန်သေးတယ်လို့သိရတယ်။ ဒါကြောင့် အလှူရှင်တွေတော့ လိုအပ်နေပါတယ်။”ဟု တာချီလိတ်ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်က ပြောသည်။
ယင်းကလေးငယ်အား အရေးပေါ်ခွဲစိတ်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ ချင်းရိုင်းဆေးရုံသို့ တာဝန်ယူပို့ဆောင်ပေးခဲ့ပြီး ယခုကုသမှုကုန်ကျစရိတ် ဘတ်(၂)သိန်းကျော် ကုန်ကျမည်ဖြစ်သောကြောင့် အရေးပေါ် အလှူရှင်များ လိုအပ်နခြေင်းဖြစ်ကြောင်း နှင့် အလှူငွေလှူဒါန်းလိုပါက အောက်ပါတို့သို့
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဦးလှမိုး
ဥက္ကဌ
တာချီလိတ်နာရေးကူညီမှုအသင်း
ထိုင်းဖုန်း - ဝ၈၀၈၉၈၉၅၃၅၊ ဝ၈၈၀၂၈၃၀၁၅
မြန်မာ - ဝ၉ ၂၅၇၂၆၃၃၃၄၊ ဝ၉ ၃၆၀၇၅၅၀၀
............
ဒေါက်တာ ကျော်စွာမြင့် ( ကလေးအထူးကုဆရာဝန် )
တာချီလိတ်မြို့။
ထိုင်းဖုန်း - ဝ၉၀၀၅၂၄၈၀၁