ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းျဖတ္ၿမိဳ႕နယ္ရွိ ျပည္သူ႔ေဆးရုံ၏ ဖြဲ႕စည္းပံုအရ လက္ေထာက္ဆရာ၀န္(၃)ဦးရိွေသာ္လည္း လက္ရိွတြင္ ေဆးရုံ၌ လက္ေထာက္ဆရာ၀န္ တစ္ဦးမွ်မရွိေၾကာင္း မိုင္းျဖတ္ၿမိဳ႕မွ ၿမိဳ႕မိၿမိဳ႕ဖမ်ားထံမွ သိရသည္။
"ေဆးရုံမွာ ၿမိဳ႕နယ္ဆရာ၀န္တစ္ဦးပဲ ရွိပါတယ္။ ၿမိဳ႕နယ္ဆရာ၀န္အေနနဲ႔လည္း အုပ္ခ်ဳပ္မႈအပိုင္းနဲ႔ ကုသမႈ အပိုင္းမွာ တာ၀န္ထမ္းေဆာင္ေနပါတယ္။ တစ္ခါတစ္ရံ တာ၀န္အရ ရပ္ေ၀းၿမိဳ႕ကို အစည္းအေ၀း တက္ရတာ၊ ရက္ရွည္သင္တန္း တက္ေရာက္တဲ့အခါ ၿမိဳ႕နယ္မွာ ဆရာ၀န္မရွိေတာ့ အေရးေပၚ လူနာရွိလာရင္ အခက္အခဲရွိပါတယ္။"ဟု မိုင္းျဖတ္ၿမိဳ႕ ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုင္းေက်ာက္က ေျပာသည္။
မိုင္းျဖတ္ျပည္သူ႔ေဆးရံုမွ ဆရာဝန္အခက္အခဲမ်ား မရွိေစရန္ လစ္လပ္ေနေသာရာထူးေနရာတြင္ ထပ္မံ ခန္႔အပ္ေပးရန္ႏွင့္ ဖြဲ႕စည္းပုံအရ လက္ေထာက္ဆရာ၀န္(၃)ဦးကို ထားရိွေပးရန္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ထံ တင္ျပထားေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ား တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလိုင္လ(၂၆)ရက္ေန႔က လူထုႏွင့္ ေတြ႕ဆံုစဥ္ ယင္းကဲ့သို႔ တင္ျပထားျခင္းျဖစ္သည္။
မိုင္းျဖတ္ၿမိဳ႕ရွိ (၂၅)ကုတင္ဆန္႔ ျပည္သူ႔ေဆးရုံမွာ မုိင္းျဖတ္ၿမိဳ႕ေန ျပည္သူလူထု (၂၇,၁၈၂)ဦးအေပၚ အက်ိဳး သက္ေရာက္မည္ျဖစ္ေၾကာင္း မိုင္းျဖတ္ၿမိဳ႕မိၿမိဳ႕ဖ တစ္ဦးက ဆိုသည္။
သတင္း - ေဇာင္းညီ
......................
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၏ ဖွဲ့စည်းပုံအရ လက်ထောက်ဆရာဝန်(၃)ဦးရှိသော်လည်း လက်ရှိတွင် ဆေးရုံ၌ လက်ထောက်ဆရာဝန် တစ်ဦးမျှမရှိကြောင်း မိုင်းဖြတ်မြို့မှ မြို့မိမြို့ဖများထံမှ သိရသည်။
"ဆေးရုံမှာ မြို့နယ်ဆရာဝန်တစ်ဦးပဲ ရှိပါတယ်။ မြို့နယ်ဆရာဝန်အနေနဲ့လည်း အုပ်ချုပ်မှုအပိုင်းနဲ့ ကုသမှု အပိုင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။ တစ်ခါတစ်ရံ တာဝန်အရ ရပေ်ဝးမြို့ကို အစည်းအေဝး တက်ရတာ၊ ရက်ရှည်သင်တန်း တက်ရောက်တဲ့အခါ မြို့နယ်မှာ ဆရာဝန်မရှိတော့ အရေးပေါ် လူနာရှိလာရင် အခက်အခဲရှိပါတယ်။"ဟု မိုင်းဖြတ်မြို့ မြို့မိမြို့ဖ ဦးစိုင်းကျောက်က ပြောသည်။
မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်အခက်အခဲများ မရှိစေရန် လစ်လပ်နေသောရာထူးနေရာတွင် ထပ်မံ ခန့်အပ်ပေးရန်နှင့် ဖွဲ့စည်းပုံအရ လက်ထောက်ဆရာဝန်(၃)ဦးကို ထားရှိပေးရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း သိရသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၆)ရက်နေ့က လူထုနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တင်ပြထားခြင်းဖြစ်သည်။
မိုင်းဖြတ်မြို့ရှိ (၂၅)ကုတင်ဆန့် ပြည်သူ့ဆေးရုံမှာ မိုင်းဖြတ်မြို့နေ ပြည်သူလူထု (၂၇,၁၈၂)ဦးအပေါ် အကျိုး သက်ရောက်မည်ဖြစ်ကြောင်း မိုင်းဖြတ်မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။
သတင်း - ဇောင်းညီ