ေရသန္႔လုပ္ငန္းမ်ားအတြက္ FDA ဓာတ္ခြဲခန္းကို ေတာင္ႀကီးၿမိဳ႕တြင္ ထားရိွရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ ေတာင္းဆို

ေရသန္႔လုပ္ငန္းမ်ားအတြက္ FDA ဓာတ္ခြဲခန္းကို ေတာင္ႀကီးၿမိဳ႕တြင္ ထားရိွရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ ေတာင္းဆို
ဇူလိုင် 31, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ေရသန္႔လုပ္ငန္းမ်ားအတြက္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲမႈဦးစီးဌာန (FDA) ၏ ေထာက္ခံခ်က္ရယူရာတြင္ ေနျပည္ေတာ္အထိ သြားရသည့္ အခက္အခဲရွိေန၍ ေတာင္ႀကီးၿမိဳ႕တြင္ ဓာတ္ခြဲခန္းထားေပးရန္ ေရသန္႔လုပ္ငန္းရွင္မ်ားက ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ထံ ေတာင္းဆိုထားေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အေနနဲ႔ FDA ေထာက္ခံခ်က္ရရွိဖို႔အတြက္ အခက္အခဲ ရွိေနပါတယ္။ ခက္ခဲတဲ့ အေၾကာင္းရင္းကလည္း ေနျပည္ေတာ္အထိ သြားစစ္ရင္ ဟဲဟိုး (သို႔မဟုတ္ ) မႏၱေလး (သို႔မဟုတ္ ) ရန္ကုန္ၿမိဳ႕က တစ္ဆင့္ သြားရတဲ့ၿမိဳ႕ ျဖစ္ေနလို႔ အခက္အခဲမ်ားရွိေနပါတယ္။ လုပ္ငန္း လုပ္ကိုင္တဲ့ သူေတြက အသစ္ေလွ်ာက္ရင္ေသာ္ လည္းေကာင္း၊ သက္တမ္းတိုးရင္ေသာ္ လည္းေကာင္း ႏွစ္ႏွင့္ခ်ီၾကာျမင့္တတ္ၿပီး ေထာက္ခံခ်က္ကို ေစာင့္ရင္းေစာင့္ရင္းနဲ႔ လုပ္ငန္းသက္တမ္း ကုန္ေသာ္လည္း ဆက္လက္ လုပ္ကိုင္ေနရတဲ့ စက္ရုံေတြမ်ားစြာ ေတြ႔ရွိရတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေသာက္ေရသန္႔ လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးၾကည္ျမင့္က တင္ျပသည္။

ေတာင္ႀကီးၿမိဳ႕တြင္ အစားအေသာက္ႏွင့္ ေဆး၀ါးစစ္ေဆးေရးဦးစီးဌာန(FDA) ရွမ္းျပည္နယ္ရံုးအား ဖြင့္လွစ္ထားေသာ္လည္း ေရသန္႔လုပ္ငန္းမ်ားအား စစ္ေဆး၍ ေထာက္ခံခ်က္ ထုတ္ေပးႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း ) တာခ်ီလိတ္ၿမိဳ႕တြင္ ေရသန္႔လုပ္ငန္းရွင္ေပါင္း (၄၂)ဦးခန္႔ရွိၿပီး အစားအေသာက္ႏွင့္ ေဆး၀ါးစစ္ေဆးေရးဦးစီးဌာန (FDA)၏ ေထာက္ခံခ်က္ရယူထားေသာ ေရသန္႔လုပ္ငန္းမွာ (၂၀)ခန္႔သာရွိေၾကာင္း တာခ်ီလိတ္ေရသန္႔ လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

သတင္း - ေဇာင္းညီ
............

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရေသန့်လုပ်ငန်းများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)၏ ထောက်ခံချက်ရယူရာတွင် နပြေည်တော်အထိ သွားရသည့် အခက်အခဲရှိနေ၍ တောင်ကြီးမြို့တွင် ဓာတ်ခွဲခန်းထားပေးရန် ရေသန့်လုပ်ငန်းရှင်များက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုထားကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ FDA ထောက်ခံချက်ရရှိဖို့အတွက် အခက်အခဲ ရှိနေပါတယ်။ ခက်ခဲတဲ့ အကြောင်းရင်းကလည်း နပြေည်တော်အထိ သွားစစ်ရင် ဟဲဟိုး (သို့မဟုတ် ) မန္တလေး (သို့မဟုတ် ) ရန်ကုန်မြို့က တစ်ဆင့် သွားရတဲ့မြို့ ဖြစ်နေလို့ အခက်အခဲများရှိနေပါတယ်။ လုပ်ငန်း လုပ်ကိုင်တဲ့ သူတွေက အသစ်လျှောက်ရင်သော် လည်းကောင်း၊ သက်တမ်းတိုးရင်သော် လည်းကောင်း နှစ်နှင့်ချီကြာမြင့်တတ်ပြီး ထောက်ခံချက်ကို စောင့်ရင်းစောင့်ရင်းနဲ့ လုပ်ငန်းသက်တမ်း ကုန်သော်လည်း ဆက်လက် လုပ်ကိုင်နေရတဲ့ စက်ရုံတွေများစွာ တွေ့ရှိရတယ်။"ဟု တာချီလိတ်မြို့နယ် သောက်ရေသန့် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က တင်ပြသည်။

တောင်ကြီးမြို့တွင် အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဦးစီးဌာန(FDA) ရှမ်းပြည်နယ်ရုံးအား ဖွင့်လှစ်ထားသော်လည်း ရေသန့်လုပ်ငန်းများအား စစ်ဆေး၍ ထောက်ခံချက် ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့တွင် ရေသန့်လုပ်ငန်းရှင်ပေါင်း (၄၂)ဦးခန့်ရှိပြီး အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဦးစီးဌာန (FDA)၏ ထောက်ခံချက်ရယူထားသော ရေသန့်လုပ်ငန်းမှာ (၂၀)ခန့်သာရှိကြောင်း တာချီလိတ်ရေသန့် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~