(တင်ရန်) တာချီလိတ်ရွှေဈေးကွက်တွင် ထိုင်းရွှေဈေးနှုန်း အကျဖြင့် ဈေးကွက်ဖွင့်

(တင်ရန်) တာချီလိတ်ရွှေဈေးကွက်တွင် ထိုင်းရွှေဈေးနှုန်း အကျဖြင့် ဈေးကွက်ဖွင့်
ဇူလိုင် 31, 2016
By Tachileik News Agency

ဇောင်းညီ- Tachileik News Agency
တာချီလိတ်၊ ဇူလိုင်လ (၂၇) ရက်
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့၏ ရွှေဈေးကွက်တွင် ထိုင်းရွှေဈေးနှုန်းမှာ ဇူလိုင်လ ဒုတိယပတ်အထိ အတက်ဈေးရှိနေရာမှ ဇူလိုင်လနောက်ဆုံးပတ်၏ တနင်္လာနေ့အဖွင့်ဈေးတွင် အကျဖြင့် ဈေးဖွင့်လာကြောင်း သိရပါတယ်။
"ဘန်ကောက်ကဈေးကလည်း ကျနေတာကြောင့် ဒီဘက်က ထိုင်းဈေးနှုန်းက ကျတယ်။  ရှေ့တပတ်ကတော့ ဈေးတက်နေသေးတယ်။ ကမ္ဘာ့ရွှေဈေးလည်း အနည်းငယ်ကျဆင်းနေတာကြောင့် ရွှေဈေးတွေက အကုန်လုံးကျနေတယ်။”လို့ နန်းရွှေကျင်းရွှေဆိုင်မှ ကိုစိုင်းဇော်ဝပ်က ပြောပါတယ်။
ဇူလိုင်လ (၂၅)ရက်နေ့ တနင်္လာနေ့ က ဖွင့်လိုက်တဲ့ဈေးနှုန်းမှာ ထိုင်းရွှေ(၁)ဘတ်သားကို ရောင်းဈေးအနေဖြင့် (၂၁၈၅၀)ဘတ်ဖြစ်ပြီး ၀ယ်ဈေးအနေဖြင့် (၂၁၇၅၀)ဘတ်ဖြင့် အကျဈေးဖြင့် ဖွင့်လိုက်တာဖြစ်ပါတယ်။
တာချီလိတ်မြို့ရဲ့ ဇူလိုင်လ ပထမအပတ်နှင့် ဒုတိယအပတ်အတွင်း ထိုင်းရွှေ(၁)ဘတ်သားကို (၂၂၀၅၀)ဘတ်မှ (၂၂၉၀၀)ဘတ်အထိ ဈေးတက်လာခဲ့ရာကနေ  ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ ထိုင်းရွှေတစ်ဘတ်သားကို ဘတ်(၁၀၀၀)ခန့် ပြန်လည်ကျဆင်းသွားတာဖြစ်ပါတယ်။
တာချီလိတ်မြို့၏ ရွှေဈေးကွက်သည် ထိုင်းရွှေကို အဓိကရောင်းဝယ်ကြပြီး ထိုင်းရွှေတစ်ဘတ်သားမှာ (၁၅.၂၂)ဂရမ်ရှိကာ မြန်မာရွှေတစ်ကျပ်သားမှာ (၁၆.၆၂)ဂရမ်ရှိသောကြောင့် မြန်မာရွှေ နှင့် ထိုင်းရွှေ ဈေးနှုန်း အနည်းငယ်ကွာဟတာဖြစ်ပါတယ်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net