ရွှေဇော်-Tachileik News Agency
မန္တလေး၊ သြဂုတ်လ(၃) ရက်
မန္တလေးမြို့ မင်္ဂလာမန္တလေး အနုပညာလမ်း သီရိအနုပညာပြခန်းတွင် ငြိမ်းချမ်းရေး အတွက်ရည်ရွယ်၍ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ ခေါင်းစဉ်ဖြင့် ကာတွန်းပြပွဲ ကို(၃)ရက်ကြာကျင်းပ ပြုလုပ်ကြောင်းသိရသည်။
“ဒီပြပွဲလေးက ၂၁ ရာစု ပင်လုံညီလာခံအတွက် ရည်ရွယ်ပြီးတော့ မန္တလေးက ကာတွန်းတွေနဲ့ ပူပေါင်းပြီးလုပ်တဲ့ပွဲလေးပါ။အခုချိန်ဟာမြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အရမ်းကို အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့်လူတွေအားလုံးလည်း အမှတ်ရစေဖို့ လုပ်ဖြစ်တာပါ။”ဟု ပြခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါပြပွဲတွင် ကာတွန်းကားပေါင်း(၇၀) ကျော်ပြသထားပြီးနံနက်၉နာရီမှညနေ၅နာရီအထိပြသခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးရဖို့က ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။တိုင်းပြည်ကိုချစ်တတ်ခဲ့ရင်တော့ ငြိမ်းချမ်းရေးရအောင် တည်ဆောက်ဖို့လိုပါတယ်။ ကျွန်တော်တို့ခေတ်ကလူတွေ မညံ့ဖို့ လိုအပ်ပါတယ်။ ညီလာခံမှာ သူ့ဘက်၊ကိုယ့်ဘက် ဘာတွေလိုအပ်တယ်ဆိုတာ ညှိနှိုင်းအကောင်းအထည်ဖော်ပြီး အဖြေရှာနိုင်ရမှာပါ။” ဟုမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကအဆိုပါကာတွန်းပြပွဲဖွင့်ပွဲတွင်ပြောကြားခဲ့သည်။
ကာတွန်းပြပွဲကို ဇူလိုင်လ(၃၁) ရက်မှ သြဂုတ်လ (၂) ရက်နေ့ထိ မန္တလေးမှ ကာတွန်းဆရာ အယောက်(၃၀)၏ ကာတွန်းများကိုပြသထားပြီးတစ်ကားလျှင်ကျပ်(၃) သောင်းဖြင့်ရောင်းချကြောင်းသိရသည်။