ႏိုင္ငံေတာ္အခြန္ေငြရရိွေစရန္ ေဒသခံကုန္သည္မ်ား တရား၀င္ကုန္သြယ္မႈမ်ားျပဳလုပ္ရန္ တုိက္တြန္းေၾကာင္းႏွင့္ ႏိုင္ငံ့၀န္ထမ္းမ်ား အဂတိလိုက္စားမႈမ်ား ရွိလွ်င္လည္း အခ်က္အလက္ျပည့္စံုစြာျဖင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံ တိုင္ၾကားရန္ ျပည္နယ္၀န္ႀကီးမ်ားက တာခ်ီလိတ္တြင္ ေျပာၾကားခဲ့သည္။
"အမွတ္(၁)တံတားေပၚကေန ျဖတ္သန္းေနတဲ့ တစ္ႏိုင္တစ္ဆြဲလို႔သာေျပာသာ ကားေတြနဲ႔၀င္ေနတယ္။ ဒါေတြဟာ တစ္ႏိုင္တစ္ဆြဲ မဟုတ္ဘူး။ ဒါေတြေၾကာင့္ တိုင္းျပည္မွာ ဘာေတြနဲ႔ သြားၿပီး အသက္ရွင္မလဲ။ ဌာနဆိုင္ရာကို ေပးမယ့္ကုန္သည္ေတြက က်န္တဲ့ ဥစၥာကိုမေဆာင္ေတာ့ဘဲနဲ႔ နားလည္မူဆိုတဲဲ့ ပါးစပ္ထဲက ေစ်းႏႈန္းနဲ႔ အခြန္ေဆာင္ေနတာ တိုင္းျပည္ဟာ (၅၆)ႏွစ္ေတာင္ၾကာခဲ့ၿပီ။ အဲဒါေတြဆို လုံး၀မခံႏိုင္ဘူး။ မွန္မွန္ကန္ကန္ေျပာၿပီး မွန္မွန္ကန္ကန္တင္ျပမွရေတာ့မယ္။ တိုင္းျပည္ကို ခ်စ္တယ္ဆိုရင္ စိတ္ဓာတ္ေတြကို ေျပာင္းလဲဖို႔ လိုအပ္ေနၿပီ။"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုေရးခြင့္ရွိသူ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။
ရွမ္းျပည္နယ္မွ အိမ္နီးခ်င္း ထိုင္းႏိုင္ငံ၊ တရုတ္ႏိုင္ငံမ်ားႏွင့္ နယ္စပ္ကုန္သြယ္ေရးလုပ္ေနသည့္ နယ္စပ္ဂိတ္မ်ားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီးႏွင့္ ဘ႑ာေရး၀န္ႀကီးတို႔ သြားေရာက္ ကြင္းဆင္းစစ္ေဆးေနၿပီး ႏိုင္ငံေတာ္အခြန္ မွန္ကန္စြာရရွိေရးႏွင့္ ကုန္သည္မ်ား အခြန္မွန္ကန္စြာ ေပးေဆာင္ေရးတို႔အတြက္ စိစစ္ ေဆာင္ရြက္သြားရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
"အဓိကကေတာ့ ပူးေပါင္းေဆာင္ရြက္မႈပါ။ ၀န္ထမ္းေတြကလည္း ျပည္သူ႔၀န္ထမ္းျဖစ္ေအာင္ႀကိဳးစားေပးပါ။ ျပည္သူေတြကလည္း မိမိမွာ တာ၀န္ရွိပါလားဆိုတာကိုလည္း ေခါင္းမွာထည့္ထားေပးပါ။ အခြန္အခ ေတြကုိလည္း မေရွာင္ၾကပါနဲ႔။ အခြန္ရုံးမွာ အခြန္လာေဆာင္တဲ့အခါ ၀န္ထမ္းေတြက ဟိန္းေဟာက္လာရင္ ေျပာပါ။ ၀န္ထမ္းေတြကို ျပဳျပင္ေပးမယ္။ အခြန္ကမ်ားေနလို႔ ေလွ်ာ့ေပးပါဆိုလည္း ဥပေဒအရ ျပင္သင့္ျပင္ထိုက္တာ လုပ္ေပးမယ္။ အခြန္ရုံးက အိတ္ကပ္ထဲ ထည့္တာမ်ားေနတယ္ဆိုလည္းတင္ျပ ထိန္းေပးမယ္။ အဓိက ကေတာ့ အခ်က္အလက္ေတြ ျပည့္စုံဖို႔လိုတာေပါ့။"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေျပာသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရုံး၌ ၾသဂုတ္လ (၁၁)ရက္ေန႔က ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီးဦးစိုးညႊန္႔လြင္ ၊ ဘ႑ာေရး၀န္ၾကီး ဦးစိုင္းရွဲန္တစ္လုံတို႔ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ဌာနဆိုင္ရာမ်ားေတြ႕ဆုံပြဲ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
"အမှတ်(၁)တံတားပေါ်ကနေ ဖြတ်သန်းနေတဲ့ တစ်နိုင်တစ်ဆွဲလို့သာပြောသာ ကားတွေနဲ့ဝင်နေတယ်။ ဒါတွေဟာ တစ်နိုင်တစ်ဆွဲ မဟုတ်ဘူး။ ဒါတွေကြောင့် တိုင်းပြည်မှာ ဘာတွေနဲ့ သွားပြီး အသက်ရှင်မလဲ။ ဌာနဆိုင်ရာကို ပေးမယ့်ကုန်သည်တွေက ကျန်တဲ့ ဥစ္စာကိုမဆောင်တော့ဘဲနဲ့ နားလည်မူဆိုတဲ့ ပါးစပ်ထဲက ဈေးနှုန်းနဲ့ အခွန်ဆောင်နေတာ တိုင်းပြည်ဟာ (၅၆)နှစ်တောင်ကြာခဲ့ပြီ။ အဲဒါတွေဆို လုံးဝမခံနိုင်ဘူး။ မှန်မှန်ကန်ကန်ပြောပြီး မှန်မှန်ကန်ကန်တင်ပြမှရတော့မယ်။ တိုင်းပြည်ကို ချစ်တယ်ဆိုရင် စိတ်ဓာတ်တွေကို ပြောင်းလဲဖို့ လိုအပ်နပြေီ။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုရေးခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။
ရှမ်းပြည်နယ်မှ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်နေသည့် နယ်စပ်ဂိတ်များသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ သွားရောက် ကွင်းဆင်းစစ်ဆေးနပြေီး နိုင်ငံတော်အခွန် မှန်ကန်စွာရရှိရေးနှင့် ကုန်သည်များ အခွန်မှန်ကန်စွာ ပေးဆောင်ရေးတို့အတွက် စိစစ် ဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်း သိရသည်။
"အဓိကကတော့ ပူးပေါင်းဆောင်ရွက်မှုပါ။ ဝန်ထမ်းတွေကလည်း ပြည်သူ့ဝန်ထမ်းဖြစ်အောင်ကြိုးစားပေးပါ။ ပြည်သူတွေကလည်း မိမိမှာ တာဝန်ရှိပါလားဆိုတာကိုလည်း ခေါင်းမှာထည့်ထားပေးပါ။ အခွန်အခ တွေကိုလည်း မရှောင်ကြပါနဲ့။ အခွန်ရုံးမှာ အခွန်လာဆောင်တဲ့အခါ ဝန်ထမ်းတွေက ဟိန်းဟောက်လာရင် ပြောပါ။ ဝန်ထမ်းတွေကို ပြုပြင်ပေးမယ်။ အခွန်ကများနေလို့ လျှော့ပေးပါဆိုလည်း ဥပဒေအရ ပြင်သင့်ပြင်ထိုက်တာ လုပ်ပေးမယ်။ အခွန်ရုံးက အိတ်ကပ်ထဲ ထည့်တာများနေတယ်ဆိုလည်းတင်ပြ ထိန်းပေးမယ်။ အဓိက ကတော့ အချက်အလက်တွေ ပြည့်စုံဖို့လိုတာပေါ့။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သြဂုတ်လ (၁၁)ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးစိုးညွှန့်လွင်၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - ဇောင်းညီ