ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ပိုင္ဆိုင္မႈထက္ေက်ာ္လြန္၍ စည္ပင္သာယာ ပိုင္ နယ္နိမိတ္ျဖစ္သည့္ ေရေျမာင္းမ်ား၊ လမ္းေဘးပလက္ေဖာင္းမ်ားေပၚအထိ က်ဴးေက်ာ္ေနသည့္ ဆိုင္ခန္း အမိုးမ်ား၊ အဖီမ်ားကို ဖ်က္သိမ္းရန္ အျမန္ဆုံးေဆာက္ရြက္သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။
"ဒါေတြက ႏွစ္ကာလေပါင္းမ်ားစြာ ျဖစ္ေနတာဆိုေတာ့ စည္ပင္သာယာေရးတစ္ခုထဲနဲ႔ေတာ့ ေဆာင္ရြက္လို႔ မရဘူး။ သက္ဆိုင္ရာဌာနေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အိမ္ရွင္ကိုလည္း ထိခိုက္မႈ အနည္းဆုံးျဖစ္ေအာင္ရယ္ ဥပေဒနဲ႔လည္း ညီေအာင္ ေဆာင္ရြက္သြားမွာပါ။ ပိုင္ဆိုင္မႈထက္ေက်ာ္ၿပီး ဆိုင္ခန္းေတြကို အဖီဆြဲတာေတြ ၊ အမိုးျပဳလုပ္ထားတာေတြကို ဖ်က္သိမ္းဖို႔အတြက္ ေဆာင္ရြက္သြားမွာပါ။ လမ္းေတြခ်ဲ႕တုန္းကလည္း အလ်ဥ္းသင့္သလို လမ္းနဲ႔ မလြတ္တဲ့ဟာေတြကိုလည္း ဖ်က္ခဲ့တယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။
ယင္းကဲ့သို႔ လုပ္ေဆာင္မႈမ်ားေၾကာင့္ ၿမိဳ႕ေရစီးေရလာ ထိခိုက္ႏိုင္၍ သက္ဆိုင္ရာဌာနမ်ားႏွင့္ အျမန္ဆုံး ကြင္းဆင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီလို က်ဴးေက်ာ္ေဆာက္ေနတာက ၾကာေနၿပီ။ ေစ်းဆိုင္ခန္းေတြဖြင့္ၿပီး တျဖည္းျဖည္းနဲ႔ ေရွးတိုး ေဆာက္လာတာေတြ ေတြ႕တယ္။ တခ်ိဳ႕ အိမ္ေတြဆို ေျမာင္းေပၚကို ေၾကြျပားေတြ တခါထဲ ခင္းလိုက္တာေတြ ရွိတယ္။ အဲဒီ က်ဴးထားတဲ့ ဆိုင္ခန္းေရွ႕က ေျမာင္းေတြဆို ေရစီးေရလာေကာင္းဖုိ႔ ဘယ္လိုရွင္းမလဲ။ အေပၚကဘယ္ေလာက္ရွင္းရွင္း အဲဒီဆိုင္ေတြမွာပိတ္ေနရင္ေတာ့ ေရလွ်ံမႈေတြက အၿမဲျဖစ္ေနမွာပါ။ ေရေျမာင္းေတြကို အလြယ္တကူရွင္းလို႔ရေအာင္ လုပ္ထားဖို႔ေတာ့လိုတယ္။"ဟု ေဒသခံ တစ္ဦးက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ နယ္စပ္တံတားခ်စ္ၾကည္ေရးအမွတ္(၁)အနီးရွိ တာေလာ့ေစ်းတြင္လည္း ေစ်းဆိုင္ခန္းအခ်ိဳ႕က ေရေျမာင္းမ်ားေပၚတြင္ က်ဴးေက်ာ္ေဆာက္ထားျခင္းေၾကာင့္ ႏွစ္စဥ္မိုးရာသီတိုင္း ေရလွ်ံလွ်က္ရွိေၾကာင္း သိရသည္။
သတင္း - ေဇာင္းညီ
"ဒါတွေက နှစ်ကာလပေါင်းများစွာ ဖြစ်နေတာဆိုတော့ စည်ပင်သာယာရေးတစ်ခုထဲနဲ့တော့ ဆောင်ရွက်လို့ မရဘူး။ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးတော့ အိမ်ရှင်ကိုလည်း ထိခိုက်မှု အနည်းဆုံးဖြစ်အောင်ရယ် ဥပဒေနဲ့လည်း ညီအောင် ဆောင်ရွက်သွားမှာပါ။ ပိုင်ဆိုင်မှုထက်ကျော်ပြီး ဆိုင်ခန်းတွေကို အဖီဆွဲတာတွေ၊ အမိုးပြုလုပ်ထားတာတွေကို ဖျက်သိမ်းဖို့အတွက် ဆောင်ရွက်သွားမှာပါ။ လမ်းတွေချဲ့တုန်းကလည်း အလျဉ်းသင့်သလို လမ်းနဲ့ မလွတ်တဲ့ဟာတွေကိုလည်း ဖျက်ခဲ့တယ်။"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် မြို့ရေစီးရေလာ ထိခိုက်နိုင်၍ သက်ဆိုင်ရာဌာနများနှင့် အမြန်ဆုံး ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီလို ကျူးကျော်ဆောက်နေတာက ကြာနပြေီ။ ဈေးဆိုင်ခန်းတွေဖွင့်ပြီး တဖြည်းဖြည်းနဲ့ ရှေးတိုး ဆောက်လာတာတွေ တွေ့တယ်။ တချို့ အိမ်တွေဆို မြောင်းပေါ်ကို ကြွပြေားတွေ တခါထဲ ခင်းလိုက်တာတွေ ရှိတယ်။ အဲဒီ ကျူးထားတဲ့ ဆိုင်ခန်းရှေ့က မြောင်းတွေဆို ရေစီးရေလာကောင်းဖို့ ဘယ်လိုရှင်းမလဲ။ အပေါ်ကဘယ်လောက်ရှင်းရှင်း အဲဒီဆိုင်တွေမှာပိတ်နေရင်တော့ ရေလျှံမှုတွေက အမြဲဖြစ်နေမှာပါ။ ရေမြောင်းတွေကို အလွယ်တကူရှင်းလို့ရအောင် လုပ်ထားဖို့တော့လိုတယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့ နယ်စပ်တံတားချစ်ကြည်ရေးအမှတ်(၁)အနီးရှိ တာလော့ဈေးတွင်လည်း ဈေးဆိုင်ခန်းအချို့က ရေမြောင်းများပေါ်တွင် ကျူးကျော်ဆောက်ထားခြင်းကြောင့် နှစ်စဉ်မိုးရာသီတိုင်း ရေလျှံလျှက်ရှိကြောင်း သိရသည်။
သတင်း - ဇောင်းညီ