ကယားပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး စတင်၊ ပညာရေးဥပဒေတစ်ခုအတည်ပြုရန် ဆွေးနွေး

ကယားပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး စတင်၊ ပညာရေးဥပဒေတစ်ခုအတည်ပြုရန် ဆွေးနွေး
စကျတငျဘာ 6, 2016
By Tachileik News Agency

ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ ပထမနေ့အား စက်တင်ဘာ(၆)ရက်နေ့တွင် ကျင်းပရာ မေးခွန်း(၁၄)ခု မေးမြန်းပြီး ပညာရေးဥပဒေတစ်ခုအတည်ပြုရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်လွှတ်တော်၏ တတိယအကြိမ်၊ ပထမပုံမှန်အစည်းအဝေးတွင် ကယားအမျိုးသားစာပေ ယဉ်ကျေးမှုကော်မတီမှ ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း ဥပဒေကို အတည်ပြုပေးရန်၊ ယခင်ပြည်နယ်အစိုးရ လက်ထက် ပြည်နယ်အထိမ်းအမှတ်နေ့ ကျင်းပရာတွင် ရရှိထားသည့် ရန်ပုံငွေ ရ/သုံးငွေ စာရင်းဇယား အချက်လက်များနှင့် ပိုလျှံရန်ပုံငွေများအား လက်ရှိပြည်နည်အစိုးရအဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေးရန်နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးသွင်းရန်၊ မြို့နယ်များအလိုက်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး နှင့် ပညာရေး ကိစ္စများအား မေးမြန်းအဆိုပြုခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်းသည့်မေးခွန်းများအပေါ် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများမှ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပြီး၊ ဒုတိယနေ့တွင်လည်း ကျန်ရှိသည့် မေးခွန်းနှင့် အဖြေများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအေဝး၏ ပထမနေ့အား စက်တင်ဘာ(၆)ရက်နေ့တွင် ကျင်းပရာ မေးခွန်း(၁၄)ခု မေးမြန်းပြီး ပညာရေးဥပဒေတစ်ခုအတည်ပြုရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်လွှတ်တော်၏ တတိယအကြိမ်၊ ပထမပုံမှန်အစည်းအေဝးတွင် ကယားအမျိုးသားစာပေ ယဉ်ကျေးမှုကော်မတီမှ ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း ဥပဒေကို အတည်ပြုပေးရန်၊ ယခင်ပြည်နယ်အစိုးရ လက်ထက် ပြည်နယ်အထိမ်းအမှတ်နေ့ ကျင်းပရာတွင် ရရှိထားသည့် ရန်ပုံငွေ ရ/သုံးငွေ စာရင်းဇယား အချက်လက်များနှင့် ပိုလျှံရန်ပုံငွေများအား လက်ရှိပြည်နည်အစိုးရအဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေးရန်နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးသွင်းရန်၊ မြို့နယ်များအလိုက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး နှင့် ပညာရေး ကိစ္စများအား မေးမြန်းအဆိုပြုခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်းသည့်မေးခွန်းများအပေါ် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများမှ မေးခွန်းများကို ပြန်လည် ဖြကြေားခဲ့ပြီး၊ ဒုတိယနေ့တွင်လည်း ကျန်ရှိသည့် မေးခွန်းနှင့် အဖြေများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~