႐ွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအို၀့္ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္၊ ဘုရားျဖဴေက်းရြာတြင္ ပေထြးျဖစ္သူအား မေက်နပ္သျဖင့္ မိခင္ႏွင့္ ပေထြး ႏွစ္ဦးစလံုးအား စက္တင္ဘာ(၆)ရက္ေန႔ ညေနပိုင္းက ပုဆိန္ျဖင့္ခုတ္သတ္လိုက္သူအား ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
"ေကာင္ေလးက ပေထြးနဲ႔ေနတာပါ။ အေမကေတာ့ အေမအရင္းပါ။ သူ အသက္(၄)ႏွစ္သားကတည္းက ပေထြးနဲ႔အတူေနလာတာ။ သူ႔ပေထြးကို ရင္ထဲမွာ မေက်နပ္တာေတြမ်ားေနၿပီလို႔ ေျပာတယ္။ သူသတ္တဲ့ အေၾကာင္းရင္းကလည္း မေက်နပ္တာေတြမ်ားေနတာနဲ႔ ေဒါသအရမ္းထြက္သြားလို႔ ႏွစ္ေယာက္လံုးကို သတ္တာပါလို႔ ၀န္ခံေျပာပါတယ္"ဟု ဆီဆိုင္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ေက်ာ္သီဟက ေျပာသည္။
ပေထြးျဖစ္သူႏွင့္ မိခင္အရင္းျဖစ္သူအား ပုဆိန္ျဖင့္ ဦးေခါင္းအား ခုတ္သတ္ခဲ့ရာ ဦးေခါင္းခြံကြဲအက္ ဒဏ္ရာျဖင့္ မိခင္မွာေနရာတြင္ ေသဆံုးခဲ့ျခင္းျဖစ္ၿပီး ပေထြးျဖစ္သူမွာ ေဆးရံုတြင္ေဆးကုသမႈခံယူစဥ္ ေသဆံုးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ပေထြးႏွင့္ မိခင္အားသတ္လိုက္သည့္ စိုင္းေအာင္ျမင့္အား ဖမ္းဆီးထားၿပီး ဆီဆိုင္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၂/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
"ကောင်လေးက ပထွေးနဲ့နေတာပါ။ အမေကတော့ အမေအရင်းပါ။ သူ အသက်(၄)နှစ်သားကတည်းက ပထွေးနဲ့အတူနေလာတာ။ သူ့ပထွေးကို ရင်ထဲမှာ မကျေနပ်တာတွေများနပြေီလို့ ပြောတယ်။ သူသတ်တဲ့ အကြောင်းရင်းကလည်း မကျေနပ်တာတွေများနေတာနဲ့ ဒေါသအရမ်းထွက်သွားလို့ နှစ်ယောက်လုံးကို သတ်တာပါလို့ ဝန်ခံပြောပါတယ်"ဟု ဆီဆိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်သီဟက ပြောသည်။
ပထွေးဖြစ်သူနှင့် မိခင်အရင်းဖြစ်သူအား ပုဆိန်ဖြင့် ဦးခေါင်းအား ခုတ်သတ်ခဲ့ရာ ဦးခေါင်းခွံကွဲအက် ဒဏ်ရာဖြင့် မိခင်မှာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ပထွေးဖြစ်သူမှာ ဆေးရုံတွင်ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပထွေးနှင့် မိခင်အားသတ်လိုက်သည့် စိုင်းအောင်မြင့်အား ဖမ်းဆီးထားပြီး ဆီဆိုင်မြို့မရဲစခန်းတွင် (ပ)၂၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း - နိုနို