မႏၱေလးၿမိဳ႕မွ ဦးပိန္တံတားသန္႔ရွင္းသာယာေရးအတြက္ အမိႈက္မ်ား စနစ္တက်စြန္႔ပစ္ရန္ စည္းကမ္းခ်က္မ်ား ထုတ္ထားေသာ္လည္း ျပည္တြင္းခရီးသြားမ်ားမွာ လိုက္နာမႈ အားနည္းေနေၾကာင္း ခရီးသြား လုပ္ငန္းမ်ားႏွင့္ ဧည့္လမ္းညႊန္မ်ားထံမွ သိရသည္။
“ဦးပိန္တံတား တင္မကဘူး။ ျမန္မာႏိုင္ငံမွာရွိတဲ့ ဘယ္ေရွးေဟာင္းေဒသမဆို လာေရာက္ၾကတဲ့ ျပည္တြင္း ခရီးသြားေတြက အမိႈက္ကို အလြယ္တကူပစ္ၾကတယ္။ အမိႈက္ကို အမိႈက္ပံုးရွိတဲ့ ေနရာကို သယ္မသြားခ်င္ၾကဘူး။ ေတြ႔တဲ့ ေနရာမွာပဲ ပစ္လိုက္တယ္။ ႏိုင္ငံျခားသား ခရီးသြားေတြက စည္းကမ္း ရွိတယ္။ အမိႈက္ကို စည္းကမ္းမဲ့ မပစ္ဘူး။ ေရွးေဟာင္း၀န္ႀကီးဌာနကလည္း အမိႈက္မပစ္ဖို႔ စည္းကမ္းခ်က္ေတြ ထုတ္ထားလည္း ပစ္တာပဲ။”ဟု ဧည့္လမ္းညႊန္ ေဒၚယုယုေဆြက ဆိုသည္။
ကမၻာလွည့္ခရီးသြားမ်ား သြားလာသည့္ ေဒသမ်ားတြင္ အမိႈက္ကင္းစင္ေရးကို ဦးစားေပး လုပ္ေဆာင္သင့္သည္ဟု ဧည့္လမ္းညႊန္မ်ားက ဆိုသည္။
“ကၽြန္မတို႔ ခရီးသြားလုပ္ငန္းရွင္ေတြ၊ ဧည့္လမ္းညႊန္ေတြနဲ႔ ငွက္ေလွသမားေတြေပါင္းၿပီး ႏွစ္စဥ္ ဦးပိန္တံတား သန္႔ရွင္းေရးအတြက္ အမိႈက္ေကာက္တာေတြ၊ ပညာေပးလုပ္ငန္းေတြျဖစ္တဲ့ အမိႈက္ေတာင္း ထားေပးတာေတြ၊ စတစ္ကာ ကပ္တာေတြ လုပ္ေပမဲ့ ခဏပဲ။ ၿပီးရင္ ျပန္ပစ္ၾကတာပဲ။ အဲဒီေတာ့ အမိႈက္ ပစ္ရင္ ဒဏ္ေငြဘယ္ေလာက္ဆိုတာေလး သတ္မွတ္လိုက္ရင္ အနည္းဆံုးၾကာ တစ္ႏွစ္ပဲ။ ေနာက္က် အမိႈက္ပစ္ၾကေတာ့မွာ မဟုတ္ဘူး။”ဟု ခရီးသြား လုပ္ငန္းရွင္ မအိမြန္ကိုက ဆိုသည္။
ဦးပိန္တံတား သန္႔ရွင္းေရးအတြက္ ဌာနအသီးသီးမွ တာ၀န္ရွိသူမ်ား၊ ျပည္သူမ်ား ၊ ေဒသခံမ်ား ပူးေပါင္း လုပ္ေဆာင္ၾကရန္ လိုအပ္ၿပီး ႏိုင္ငံျခားခရီးသြားရဲမ်ား ထားရွိေပးရန္ လိုအပ္ေၾကာင္း ဧည့္လမ္းညႊန္မ်ားက အႀကံျပဳသည္။
“ကၽြန္မတို႔က တံတားႀကီးကို မီွိခိုၿပီး အလုပ္ လုပ္ကိုင္ေနရတာဆိုေတာ့ တံတားႀကီး သန္႕ရွင္းေနေစခ်င္ ပါတယ္။ ဒါမွလည္း နုိင္ငံျခားခရီးသြားေတြ အလာမ်ားၿပီး ၀င္ေငြတိုးမွာပါ။ အမိႈက္ေတာင္းေတြလည္း ထားေပးပါတယ္။ ဒါေပမဲ့ အမိႈက္ေတာင္းထဲ ထည့္တဲ့သူက နည္းတယ္။ ဒီအတိုင္း အလြယ္တကူ ေရထဲပဲပစ္ၾကတယ္။ ေျပာလည္းမရဘူး။ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြလည္း ဒီအတိုင္းပဲ စည္ကမ္း မရွိၾကဘူး။”ဟု တံတားေပၚမွ ေစ်းသည္တစ္ဦးျဖစ္သည့္ မသီတာက ေျပာသည္။
ႏွစ္ေပါင္း (၁၆၀)ေက်ာ္ သက္တမ္းရိွသည့္ ဦးပိန္တံတားသို႔ လာေရာက္လည္ပတ္သည့္ နိုင္ငံျခားသား ခရီးသြားေပါင္း (၁၅) သိန္းမွ သိန္း (၂၀) ၾကားရိွေၾကာင္း သိရသည္။
“ဦးပိန်တံတား တင်မကဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်ရှေးဟောင်းဒေသမဆို လာရောက်ကြတဲ့ ပြည်တွင်း ခရီးသွားတွေက အမှိုက်ကို အလွယ်တကူပစ်ကြတယ်။ အမှိုက်ကို အမှိုက်ပုံးရှိတဲ့ နေရာကို သယ်မသွားချင်ကြဘူး။ တွေ့တဲ့ နေရာမှာပဲ ပစ်လိုက်တယ်။ နိုင်ငံခြားသား ခရီးသွားတွေက စည်းကမ်း ရှိတယ်။ အမှိုက်ကို စည်းကမ်းမဲ့ မပစ်ဘူး။ ရှေးဟောင်းဝန်ကြီးဌာနကလည်း အမှိုက်မပစ်ဖို့ စည်းကမ်းချက်တွေ ထုတ်ထားလည်း ပစ်တာပဲ။”ဟု ဧည့်လမ်းညွှန် ဒေါ်ယုယုဆွေက ဆိုသည်။
ကမ္ဘာလှည့်ခရီးသွားများ သွားလာသည့် ဒေသများတွင် အမှိုက်ကင်းစင်ရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ဧည့်လမ်းညွှန်များက ဆိုသည်။
“ကျွန်မတို့ ခရီးသွားလုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်တွေနဲ့ ငှက်လှေသမားတွေပေါင်းပြီး နှစ်စဉ် ဦးပိန်တံတား သန့်ရှင်းရေးအတွက် အမှိုက်ကောက်တာတွေ၊ ပညာပေးလုပ်ငန်းတွဖြေစ်တဲ့ အမှိုက်တောင်း ထားပေးတာတွေ၊ စတစ်ကာ ကပ်တာတွေ လုပ်ပေမဲ့ ခဏပဲ။ ပြီးရင် ပြန်ပစ်ကြတာပဲ။ အဲဒီတော့ အမှိုက် ပစ်ရင် ဒဏ်ငွေဘယ်လောက်ဆိုတာလေး သတ်မှတ်လိုက်ရင် အနည်းဆုံးကြာ တစ်နှစ်ပဲ။ နောက်ကျ အမှိုက်ပစ်ကြတော့မှာ မဟုတ်ဘူး။”ဟု ခရီးသွား လုပ်ငန်းရှင် မအိမွန်ကိုက ဆိုသည်။
ဦးပိန်တံတား သန့်ရှင်းရေးအတွက် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်သူများ၊ ဒေသခံများ ပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်ပြီး နိုင်ငံခြားခရီးသွားရဲများ ထားရှိပေးရန် လိုအပ်ကြောင်း ဧည့်လမ်းညွှန်များက အကြံပြုသည်။
“ကျွန်မတို့က တံတားကြီးကို မှိီခိုပြီး အလုပ် လုပ်ကိုင်နေရတာဆိုတော့ တံတားကြီး သန့်ရှင်းနေစေချင် ပါတယ်။ ဒါမှလည်း နိုင်ငံခြားခရီးသွားတွေ အလာများပြီး ဝင်ငွေတိုးမှာပါ။ အမှိုက်တောင်းတွေလည်း ထားပေးပါတယ်။ ဒါပေမဲ့ အမှိုက်တောင်းထဲ ထည့်တဲ့သူက နည်းတယ်။ ဒီအတိုင်း အလွယ်တကူ ရေထဲပဲပစ်ကြတယ်။ ပြောလည်းမရဘူး။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလည်း ဒီအတိုင်းပဲ စည်ကမ်း မရှိကြဘူး။”ဟု တံတားပေါ်မှ ဈေးသည်တစ်ဦးဖြစ်သည့် မသီတာက ပြောသည်။
နှစ်ပေါင်း (၁၆၀)ကျော် သက်တမ်းရှိသည့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားပေါင်း (၁၅) သိန်းမှ သိန်း (၂၀) ကြားရှိကြောင်း သိရသည်။
သတင်း - ရွှေဇော်