အောက်တိုဘာလ (၂၉)ရက်နေ့အကူးပိုင်း အချိန်အတွင်း မြန်မာနိုင်ငံ၌ ငလျင်(၃)ကြိမ်လှုပ်ခတ်သွားပြီး အသေးဆုံးအဆင့်မှာ (၁.၉)ရစ်ခ်ျတာစကေး နှင့် အများဆုံးမှာ (၄.၅)ရစ်ခ်ျတာစကေးအဆင့်ရှိကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၆ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၀:၂၃)နာရီအချိန်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အနီးတွင် အင်အား (၄.၅)ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၀:၀၇)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အနီးတွင် အင်အား (၄.၃)ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားသည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အကျော် မြန်မာ - ထိုင်း နယ်စပ်အနီး၊ မြန်မာဘက်တွင် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၁:၁၀)နာရီအချိန်မှာပင် အင်အား (၁.၈)ရစ်ခ်ျတာစကေးအဆင့်ရှိ အသေးငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။
၂၀၁၆ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (ဝ:၂၃)နာရီအချိန်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အနီးတွင် အင်အား (၄.၅)ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (ဝ:ဝ၇)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အနီးတွင် အင်အား (၄.၃)ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားသည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အကျော် မြန်မာ - ထိုင်း နယ်စပ်အနီး၊ မြန်မာဘက်တွင် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၁:၁၀)နာရီအချိန်မှာပင် အင်အား (၁.၈)ရစ်ချ်တာစကေးအဆင့်ရှိ အသေးငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။