တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ ကလြင္ေက်းရြာအုပ္စု ဘာသာေပါင္းစံုသခၤ်ဳိင္းတြင္ ျပတ္ေနသည့္ လက္တစ္ေခ်ာင္း လာေရာက္စြန္႔ပစ္ထားသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံ အေၾကာင္းၾကားထားေၾကာင္း သိရသည္။
ႏြားေက်ာင္းသားတစ္ဦးက သခၤ်ဳိင္း ျမက္ေတာအတြင္း ႏို၀င္ဘာလ (၁) ရက္ေန႔ ညေန (၃) နာရီခြဲ၀န္းက်င္တြင္ ႏြားစာအတြက္ ျမက္ကို စက္ျဖင့္ရိတ္သိမ္းေနစဥ္မွာ ျမက္ခ်ံဳအတြင္း ပလပ္စတစ္ အိတ္ျဖင့္ ထည့္လွ်က္ စြန္႔ပစ္ထားသည့္ လက္ျပတ္ တစ္ဖက္ကိုေတြ႔ရာမွ ၎ထံလာေရာက္ အေၾကာင္းၾကားရာမွ သိရွိရျခင္း ျဖစ္ေၾကာင္း ကလြင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးစိုးငယ္ထံမွ သိရသည္။
အဆိုပါလက္မွာ အမ်ိဳးသားတစ္ဦး၏ ၀ဲဘက္လက္ျဖစ္ေၾကာင္း သိရၿပီး သက္ဆိုင္ရာမွ စံုစမ္းစစ္ေဆးရာ ေရလုပ္သားတစ္ဦး မေတာ္တဆျဖစ္မႈမွ လက္ျပတ္သြားသျဖင့္ လာေရာက္စြန္႔ပစ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ငါးဖမ္းစက္ေလွတြင္ ေလွလုပ္သားအျဖစ္ လုပ္ကိုင္ေနသည့္ ၿမိတ္ၿမိဳ႕နယ္၊ ေရပုန္းရပ္ကြက္မွ အသက္ (၄၅)ႏွစ္အရြယ္ ဦးသန္းလွသည္ ေရးၿမိဳ႕နယ္၊ ေလာင္းလံုႏွင္႔ ဘုတ္ကြၽန္းအနီး ပင္လယ္ျပင္တြင္ ငါးဖမ္းပိုက္မ်ား ခ်ေနစဥ္ ပိုက္ခ်ရာ၌ အသံုးျပဳသည့္ ခြမ္းစက္အတြင္းသို႔ ဝဲဘက္လက္ညႇပ္ၿပီး လက္ေကာက္ဝတ္အထက္မွ ျပတ္ေတာက္သြားသျဖင့္ ၿမိတ္ၿမိဳ႕ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးကုသခံယူစဥ္ အစ္ကိုျဖစ္သူက အဆိုပါ လက္ျပတ္အား သြားေရာက္စြန္႔ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း စံုစမ္းသိရိွရသည္ဟု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးငယ္ထံမွ သိရသည္။
သတင္း - ေဇာ္ေဇာ္(ၿမိတ္)
နွားကျောင်းသားတစ်ဦးက သင်္ချိုင်း မြက်တောအတွင်း နိုဝင်ဘာလ (၁) ရက်နေ့ ညနေ (၃) နာရီခွဲဝန်းကျင်တွင် နွားစာအတွက် မြက်ကို စက်ဖြင့်ရိတ်သိမ်းနေစဉ်မှာ မြက်ချုံအတွင်း ပလပ်စတစ် အိတ်ဖြင့် ထည့်လျှက် စွန့်ပစ်ထားသည့် လက်ပြတ် တစ်ဖက်ကိုတွေ့ရာမှ၎င်းထံလာရောက် အကြောင်းကြားရာမှ သိရှိရခြင်း ဖြစ်ကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးငယ်ထံမှ သိရသည်။
အဆိုပါလက်မှာ အမျိုးသားတစ်ဦး၏ ဝဲဘက်လက်ဖြစ်ကြောင်း သိရပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးရာ ရေလုပ်သားတစ်ဦး မတော်တဆဖြစ်မှုမှ လက်ပြတ်သွားသဖြင့် လာရောက်စွန့်ပစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ငါးဖမ်းစက်လှေတွင် လှေလုပ်သားအဖြစ် လုပ်ကိုင်နေသည့် မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်မှ အသက် (၄၅)နှစ်အရွယ် ဦးသန်းလှသည် ရေးမြို့နယ်၊ လောင်းလုံနှင့် ဘုတ်ကျွန်းအနီး ပင်လယ်ပြင်တွင် ငါးဖမ်းပိုက်များ ချနေစဉ် ပိုက်ချရာ၌ အသုံးပြုသည့် ခွမ်းစက်အတွင်းသို့ ဝဲဘက်လက်ညှပ်ပြီး လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူစဉ် အစ်ကိုဖြစ်သူက အဆိုပါ လက်ပြတ်အား သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု အုပ်ချုပ်ရေးမှူး ဦးစိုးငယ်ထံမှ သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)