စစ္ကိုင္းတိုင္းေဒသႀကီး ဗန္းေမာက္ၿမိဳ႕နယ္ မံလူေက်းရြာအုပ္စု ပင္ခါးေက်းရြာ၏ အေရွ႕ေျမာက္တြင္ လမ္းျပဳျပင္ရာမွ ဒုတိယကမၻာစစ္လက္က်န္ ဗံုးေဟာင္းတစ္လံုးေတြ႕ရိွရေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ရံုးမွ သိရသည္။
"ေတြ႕ရိွထားတဲ႔ ဗံုးေဟာင္းက ကမၻာစစ္တုန္းက ဗံုးႀကဲေလယာဥ္ကေန ပစ္ခ်ထားတဲ႔ ဗံုးျဖစ္ပံုရပါတယ္။ မကြဲေသးတာေပါ့။ ေက်းရြာ ေဒသခံေတြ အေၾကာင္းၾကားလာတဲ႔ အတြက္ သြားေရာက္သိမ္းဆည္းၿပီး ကသာမွာရိွတဲ႔ တပ္ရင္းကို လႊဲေျပာင္းေပးသြားမွာပါ"ဟု တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲမွဴးေက်ာ္ေဇာက ေျပာသည္။
ပင္ပံု - မံစီႀကီးသြားလမ္းအားျပဳျပင္ရာမွ ႏိုဝင္ဘာလ ၂၅ ရက္တြင္ အလ်ား (၁၃ )လက္မႏွင့္ လံုးပတ္ (၁၂) လက္မခြဲ ရိွသည့္ ဗံုးေဟာင္းတစ္လံုးအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဗံုးေတြ႕ရိွရေၾကာင္းကို လမ္းခင္းလုပ္သားမ်ားႏွင့္ ေဒသခံေက်းရြာမွ အေၾကာင္းၾကားျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ရန္ႏိုင္စိုး
"တွေ့ရှိထားတဲ့ ဗုံးဟောင်းက ကမ္ဘာစစ်တုန်းက ဗုံးကြဲလေယာဉ်ကနေ ပစ်ချထားတဲ့ ဗုံးဖြစ်ပုံရပါတယ်။ မကွဲသေးတာပေါ့။ ကျေးရွာ ဒေသခံတွေ အကြောင်းကြားလာတဲ့ အတွက် သွားရောက်သိမ်းဆည်းပြီး ကသာမှာရှိတဲ့ တပ်ရင်းကို လွှဲပြောင်းပေးသွားမှာပါ"ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကျော်ဇောက ပြောသည်။
ပင်ပုံ - မံစီကြီးသွားလမ်းအားပြုပြင်ရာမှ နိုဝင်ဘာလ ၂၅ ရက်တွင် အလျား (၁၃ )လက်မနှင့် လုံးပတ် (၁၂) လက်မခွဲ ရှိသည့် ဗုံးဟောင်းတစ်လုံးအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗုံးတွေ့ရှိရကြောင်းကို လမ်းခင်းလုပ်သားများနှင့် ဒေသခံကျေးရွာမှ အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး