ေက်ာက္မဲၿမိဳ႕တြင္ ၿမိဳ႕နယ္အစီအစဥ္ျဖင့္ သႀကၤန္မ႑ပ္တည္ေဆာက္မည္

ေက်ာက္မဲၿမိဳ႕တြင္ ၿမိဳ႕နယ္အစီအစဥ္ျဖင့္ သႀကၤန္မ႑ပ္တည္ေဆာက္မည္
ဧပြီ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ အတာသႀကၤန္ပြဲေတာ္ေရသဘင္ မ႑ပ္အား ယခုႏွစ္ သႀကၤန္ကာလတြင္ ျပန္လည္ တည္ေဆာက္မည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

“ဗဟိုမ႑ပ္ႀကီးရယ္လို႔ေတာ့ ႀကီးႀကီးမားမားႀကီးေတာ့ မဟုတ္ပါဘူး။ ၿမိဳ႕နယ္က စီစဥ္တာလုိ႔ ဆိုရရင္ေတာ့ ဒီႏွစ္မွ ျပန္လုပ္ျဖစ္တယ္လို႔ ေျပာရမွာေပါ့။ အဆို၊ အက ၊ အတီး ဝါသနာရွင္ေလးေတြ အတြက္ ၿမိဳ႕နယ္စည္ပင္ခန္းမမွာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီကေန စင္ထိုးေပးမယ္။ စတုဒိသာ ေကၽြးေမြးတာေတြပါမယ္ ထင္တယ္”ဟု ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီအဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ရဲမွဴးဝင္းခိုင္က ေျပာသည္။ 
ေက်ာက္မဲၿမိဳ႕တြင္ ဗဟိုမ႑ပ္ျပဳလုပ္သည့္ အေလ့အထ နည္းလာသည့္အတြက္ ယခုႏွစ္တြင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ညိႇႏိႈင္းေဆြးေႏြး၍ စီစဥ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ၿမိဳ႕မွာ သႀကၤန္မ႑ပ္မရွိတာ အေတာ္ၾကာပါၿပီ။ ကြ်န္ေတာ့္ အေနနဲ႔ကေတာ့ ဝါသနာရွင္ တစ္ေယာက္ ျဖစ္တဲ့အတြက္ ရွိေစခ်င္တယ္။ ဒါေၾကာင့္မို႔ ဒီႏွစ္ေတာ့ ကြ်န္ေတာ္လည္း ကူညီေပးမယ္။ အခုလို မ႑ပ္နဲ႔ အဆိုအကေတြ ျပန္ရွိလာတဲ့အတြက္ ဝမ္းသာပီတိျဖစ္ရပါတယ္။ ကြ်န္ေတာ္တို႔ ၿမိဳ႕သူ ၿမိဳ႕သားေတြလည္း သႀကၤန္ကို ျဖတ္သန္းတဲ့အခါ ဒီလိုအစီအစဥ္ေလးရွိေတာ့ ပိုၿပီးေပ်ာ္ၾကမယ္လို႔ ထင္ပါတယ္” ဟု သႀကၤန္မ႑ပ္တြင္ တီးခတ္မည့္ သီဟ - ဝါသနာရွင္ ေတးဂီတအဖြဲ႔မွ ကိုေကာင္းသူရေက်ာ္က ေျပာသည္။
သႀကၤန္မ႑ပ္အား ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္၊ ၿမိဳ႕နယ္စည္ပင္ခန္းမဝန္းအတြင္း ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အတာသင်္ကြန်ပွဲတော်ရေသဘင် မဏ္ဍပ်အား ယခုနှစ် သင်္ကြန်ကာလတွင် ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ဗဟိုမဏ္ဍပ်ကြီးရယ်လို့တော့ ကြီးကြီးမားမားကြီးတော့ မဟုတ်ပါဘူး။ မြို့နယ်က စီစဉ်တာလို့ ဆိုရရင်တော့ ဒီနှစ်မှ ပြန်လုပ်ဖြစ်တယ်လို့ ပြောရမှာပေါ့။ အဆို၊ အက၊ အတီး ဝါသနာရှင်လေးတွေ အတွက် မြို့နယ်စည်ပင်ခန်းမမှာ မြို့နယ်စည်ပင်သာယာရေးကော်မတီကနေ စင်ထိုးပေးမယ်။ စတုဒိသာ ကျွေးမွေးတာတွေပါမယ် ထင်တယ်”ဟု မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲမှူးဝင်းခိုင်က ပြောသည်။

ကျောက်မဲမြို့တွင် ဗဟိုမဏ္ဍပ်ပြုလုပ်သည့် အလေ့အထ နည်းလာသည့်အတွက် ယခုနှစ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေး၍ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့မှာ သင်္ကြန်မဏ္ဍပ်မရှိတာ အတော်ကြာပါပြီ။ ကျွန်တော့် အနေနဲ့ကတော့ ဝါသနာရှင် တစ်ယောက် ဖြစ်တဲ့အတွက် ရှိစေချင်တယ်။ ဒါကြောင့်မို့ ဒီနှစ်တော့ ကျွန်တော်လည်း ကူညီပေးမယ်။ အခုလို မဏ္ဍပ်နဲ့ အဆိုအကတွေ ပြန်ရှိလာတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ မြို့သူ မြို့သားတွေလည်း သင်္ကြန်ကို ဖြတ်သန်းတဲ့အခါ ဒီလိုအစီအစဉ်လေးရှိတော့ ပိုပြီးပျော်ကြမယ်လို့ ထင်ပါတယ်” ဟု သင်္ကြန်မဏ္ဍပ်တွင် တီးခတ်မည့် သီဟ - ဝါသနာရှင် တေးဂီတအဖွဲ့မှ ကိုကောင်းသူရကျော်က ပြောသည်။

သင်္ကြန်မဏ္ဍပ်အား ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်စည်ပင်ခန်းမဝန်းအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~