ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးစခန်းအနီးတွင် မေလ (၉) ရက်နေ့ ည (၁၂) နာရီခန့်က အသံမိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ သိန်းနီမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာ ဝန်းကျင်အား သက်ဆိုင်ရာ နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
“ အပျက်အစီး အထိအခိုက်တော့ လုံးဝမရှိပါဘူး။ စခန်းကိုလည်း အရင်က အဲဒီလိုခြိမ်းခြောက်ထားတာတွေ ဘာတွေရှိခဲ့တဲ့ အတွက် စခန်းတစ်ဝိုက်မှာ လုံခြုံရေးလည်း တိုးမြှင့်ထားတာတွေ၊ တပ်တွေ အင်အားတိုးထားတာတွေ လုပ်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာက လူတွေအဆောက်အဦတွေနဲ့ ဝေးတဲ့နေရာမှာဖြစ်တာပါ” ဟု ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာ ဝန်းကျင်အား သက်ဆိုင်ရာ နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နခြေင်းဖြစ်ကြောငး် သိရသည်။
“ အသံမိုင်း သဘောမျိုး ဖြစ်တဲ့အတွက် ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာ ဒဏ်ရာရတာမျိုး မရှိထားဘူးလို့ သိရပါတယ်။ အသေးစိတ်ကတော့ စုံစမ်းနေဆဲပဲဖြစ်ပါတယ်”ဟု သိန်းနီမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ စစ်ဆေးရေးစခန်းအား ပြန်လည်ဖွင့်လှစ်လိုက်သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှ မတ်လအထိ ကျပ်သိန်းပေါင်း ( ၂၉၄၃၅ )သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ၊ တရားမဝင်ကုန်စည်များအား ဖမ်းဆီးနိုင်ခဲ့သော်လည်း စစ်ဆေးရေးစခန်းအား ခြိမ်းခြောက်မှုများဖြင့် ကြုံနေရကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်