မအူပင်တက္ကသိုလ် အဝေးသင်ကျောင်းသားများ ကျောင်းဝင်မှတ်ပုံတင် ယခုနှစ်အတွက် အဆင်မပြေဖြစ်နေ

မအူပင်တက္ကသိုလ် အဝေးသင်ကျောင်းသားများ ကျောင်းဝင်မှတ်ပုံတင် ယခုနှစ်အတွက် အဆင်မပြေဖြစ်နေ
မေ 12, 2017
By Tachileik News Agency

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် မအူပင်တက္ကသိုလ် အဝေးသင်ကျောင်းသားများ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ယခင်နှစ်များအတိုင်း ဘာသာရပ်အလိုက်ခွဲခြားခြင်းမရှိသဖြင့် ကျောင်းအပ်ရန် အဆင်မပြေဖြစ်ရကြောင်း ကျောင်းသားများထံမှ သိရသည်။
“အောင်စာရင်းထွက်ပြီးကတည်းက ကျောင်းအပ်လက်ခံတာ။ အောင်စာရင်းက ဧပြီလထဲမှာ မေဂျာအားလုံး စုထွက်တာ ရက်တွေတော့မတူဘူး။ ပထမနှစ်မြန်မာစာက နောက်အကျဆုံးပဲ။ ဧပြီလ ၂၈ ရက် ထွက်တယ်။ ကျန်တာတွေက ရက်ပဲခြားတယ်။ နှစ်တိုင်းက သူမေဂျာနဲ့သူ အပ်လို့ အဆင်ပြေတယ်။ ဒီနှစ်ကမေဂျာတွေ အားလုံးပေါင်းပြီး အပ်ရတာ အဆင်မပြေဘူး။ ကျွန်မဆို ကျောင်းအပ်ဖို့အတွက် လူများလွန်းလို့ နှစ်ခေါက်ပြန်သွားတာတောင် အဆင်မပြေဘူး”ဟု တတိယနှစ် ကျောင်းဝင်ခွင့်မှတ်ပုံတင်နေသည့် မခင်ခင်ကျော်က ပြောသည်။
အဝေးသင်တက္ကသိုလ်များ၏ အောင်စာရင်းအား ဧပြီလကုန်ပိုင်းတွင် ထုတ်ပြန်ပြီးနောက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို စတင်လက်ခံနေရာ ပထမနှစ်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို မေလ (၂၆)ရက်နေ့ နောက်ဆုံးသော်လည်းကောင်း ၊ ဒုတိယနှစ်၊တတိယနှစ်နှင့် စတုတ္ထနှစ်သင်တန်းများကို မေလ (၁၆) ရက်နေ့အထိနောက်ဆုံးထား၍ သော်လည်း လျှောက်ထားကြရန် အဝေးသင်တက္ကသိုလ် မအူပင်ဌာနခွဲတွင် ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~