ရွမ္းျပည္နယ္တြင္ မိုးေလဝသႏွင့္ ပတ္သက္ေသာ သဘာဝေဘးအႏၱရာယ္မ်ား၊ စိုက္ပ်ဳိးေရးနည္းစနစ္မ်ား၊ ေရအသံုးခ်မႈစနစ္မ်ား၊ သဘာဝေဘးအႏၱရာယ္မ်ားကို တိုင္းရင္းသား ဘာသာစကားမ်ားျဖင့္ အသိပညာေပး လုပ္ေဆာင္နိုင္ရန္ ဒုတိယအႀကိမ္ မုတ္သံုဖိုရမ္တြင္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
“ရွမ္းျပည္နယ္အတြက္ အႀကံျပဳေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာေတြကေတာ့ ရွမ္းျပည္မွာက အဓိကေတာ့ မိုးေလဝသ သတင္းအခ်က္အလက္ေတြရရွိနိုင္ဖို႔ သဘာဝေဘးအႏၱရာယ္နဲ႔ ပတ္သက္တဲ့ ျပည္သူလူထု ပညာေပးေရးေတြကို ထိထိေရာက္ေရာက္ ရပ္ရြာအထိေရာက္ရွိေအာင္ အသိပညာေပးမႈလုပ္ငန္းေတြကို ဝိုင္းဝန္းေဆာင္ရြက္ၾကဖို႔ စိုက္ပ်ဳိးေရးစနစ္ေတြကိုလည္း ေခတ္မီနည္းပညာေတြရရွိနိုင္ဖို႔ စိုက္ပ်ဳိးေရးဆိုင္ရာ ဌာနေတြကလည္း အႀကံျပဳၾကပါတယ္။ သဘာဝပတ္၀န္းက်င္နဲ႔ ပတ္သက္တာေတြကိုလည္း ယခင္ထက္ ပိုၿပီးနည္းစနစ္က် ထိန္းသိမ္းနိုင္ဖို႔နဲ႕ က်န္းမာေရးအေနနဲ႔လည္း လူေတြမထိခိုက္ေအာင္ အသိပညာေပးေတြ လုပ္ေဆာင္သြားနိုင္ဖို႕ ကၽြန္ေတာ္တို႔ ေဆြးေႏြးခဲ့ပါတယ္”ဟု မိုးေလ၀သႏွင့္ ဇလေဗဒညြန္ၾကားမွဳဦးစီးဌာန အထက္ျမန္မာျပည္ဌာနခြဲ ညြန္ၾကားေရးမွဴး ဦးေက်ာ္လြင္က ေျပာသည္။
ေတာင္ႀကီးၿမိဳ႕၌ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လတြင္ ေဒသခြဲဆိုင္ရာ မုတ္သံုဖိုရမ္ကိုလည္းေကာင္း ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလတြင္ ျပည္နယ္အဆင့္မုတ္သံုဖိုရမ္ကို ပထမအႀကိမ္ က်င္းပခဲ့ၿပီး ၂၀၁၇ ခုႏွစ္ ေမလ (၁၂)ရက္ေန႔တြင္ ျပည္နယ္အဆင့္ မုတ္သံုဖိုရမ္ ဒုတိယအႀကိမ္အား က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရသိုေလွာင္မႈအေနနဲ႔လည္း စနစ္တက်ထားနိုင္ဖို႔ မိုးေရအသံုးခ်မႈနည္းစနစ္ေတြ မိုးေရထိန္းသိမ္းတဲ့ စနစ္ေတြနဲ႔ ပိုၿပီးေတာ့ ေရအသံုးခ်နိုင္မႈ၊ ေသာက္သံုးေရ ဖူလံုနိုင္ဖို႔အတြက္လည္း ဝိုင္းဝန္းေဆာင္ရြက္နိုင္ဖို႔ ကၽြန္ေတာ္တို႕ ေဆြးေႏြးအၾကံျပဳၾကတယ္။ မိုးေလဝသနဲ႔ ပတ္သက္တဲ့ သတိေပးခ်က္ေတြက တခ်ဳိ႕ တိုင္းရင္းသားေတြ နားလည္သိရွိလာႏိုင္ေအာင္ ဌာနဆိုင္ရာေတြကေနတစ္ဆင့္ တိုင္းရင္းသားေတြ ျပန္လည္သိရွိနိုင္ေအာင္ အသိပညာေပးေဆာင္ရြက္နိုင္ဖို႔ရယ္ ေရဒီယိုေတြမွာလည္း တိုင္းရင္းသား ဘာသာစကားေတြနဲ႕အသံုးျပဳေပးနိုင္ရင္ ပိုေကာင္းနိုင္တယ္ ဆိုတာေတြကိုလည္း အၾကံျပဳၾကပါတယ္”ဟု မိုးေလဝသႏွင့္ ဇလေဗဒညြန္ၾကားမွဳဦးစီးဌာန အထက္ျမန္မာျပည္ဌာနခြဲ ညြန္ၾကားေရးမွဴး ဦးေက်ာ္လြင္က ေျပာသည္။
၂၀၁၇ ခုႏွစ္ မိုးဦးကာလအတြက္ မိုးေလဝသႏွင့္ ဇလေဗဒခန္႔မွန္းခ်က္မ်ားအရ ျမန္မာႏိုင္ငံအတြင္းသို႔ အေနာက္ေတာင္ မုတ္သံုေလ စတင္ဝင္ေရာက္သည့္ေန႔မွ ၂၀၁၇ ခုႏွစ္ ဇြန္လကုန္အထိ သတ္မွတ္ထားၿပီး အေနာက္ေတာင္ မုတ္သံုေလသည္ ေမလ(၁၅) ရက္မွ ေမလ (၂၀)ရက္အတြင္း ျမန္မာႏိုင္ငံ ေတာင္ပိုင္း ေဒသမ်ား၊ ေမလ (၂၁)ရက္ေန႔မွ ေမလ(၂၅)ရက္အတြင္း ျမစ္ဝကၽြန္းေပၚ ေဒသမ်ား၊ ေမလ(၂၆)ရက္မွ ေမလ (၃၀)ရက္အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားႏွင့္ ေမလ (၃၁)ရက္ေန႔မွ ဇြန္လ(၄)ရက္အတြင္း ျမန္မာႏိုင္ငံေျမာက္ပိုင္း ေဒသမ်ားသို႔ ဝင္ေရာက္လာႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။
သတင္း - ႏိုႏို
“ရှမ်းပြည်နယ်အတွက် အကြံပြုဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ ရှမ်းပြည်မှာက အဓိကတော့ မိုးလေဝသ သတင်းအချက်အလက်တွေရရှိနိုင်ဖို့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ပြည်သူလူထု ပညာပေးရေးတွေကို ထိထိရောက်ရောက် ရပ်ရွာအထိရောက်ရှိအောင် အသိပညာပေးမှုလုပ်ငန်းတွေကို ဝိုင်းဝန်းဆောင်ရွက်ကြဖို့ စိုက်ပျိုးရေးစနစ်တွေကိုလည်း ခေတ်မီနည်းပညာတွေရရှိနိုင်ဖို့ စိုက်ပျိုးရေးဆိုင်ရာ ဌာနတွေကလည်း အကြံပြုကြပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေကိုလည်း ယခင်ထက် ပိုပြီးနည်းစနစ်ကျ ထိန်းသိမ်းနိုင်ဖို့နဲ့ ကျန်းမာရေးအနေနဲ့လည်း လူတွေမထိခိုက်အောင် အသိပညာပေးတွေ လုပ်ဆောင်သွားနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ဌာနခွဲ ညွန်ကြားရေးမှူး ဦးကျော်လွင်က ပြောသည်။
တောင်ကြီးမြို့၌ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဒေသခွဲဆိုင်ရာ မုတ်သုံဖိုရမ်ကိုလည်းကောင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပြည်နယ်အဆင့်မုတ်သုံဖိုရမ်ကို ပထမအကြိမ် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ပြည်နယ်အဆင့် မုတ်သုံဖိုရမ် ဒုတိယအကြိမ်အား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“ရေသိုလှောင်မှုအနေနဲ့လည်း စနစ်တကျထားနိုင်ဖို့ မိုးရေအသုံးချမှုနည်းစနစ်တွေ မိုးရေထိန်းသိမ်းတဲ့ စနစ်တွေနဲ့ ပိုပြီးတော့ ရေအသုံးချနိုင်မှု၊ သောက်သုံးရေ ဖူလုံနိုင်ဖို့အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးအကြံပြုကြတယ်။ မိုးလေဝသနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေက တချို့ တိုင်းရင်းသားတွေ နားလည်သိရှိလာနိုင်အောင် ဌာနဆိုင်ရာတွေကနေတစ်ဆင့် တိုင်းရင်းသားတွေ ပြန်လည်သိရှိနိုင်အောင် အသိပညာပေးဆောင်ရွက်နိုင်ဖို့ရယ် ရေဒီယိုတွေမှာလည်း တိုင်းရင်းသား ဘာသာစကားတွေနဲ့အသုံးပြုပေးနိုင်ရင် ပိုကောင်းနိုင်တယ် ဆိုတာတွေကိုလည်း အကြံပြုကြပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ဌာနခွဲ ညွန်ကြားရေးမှူး ဦးကျော်လွင်က ပြောသည်။
၂၀၁၇ ခုနှစ် မိုးဦးကာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များအရ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင် မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှ ၂၀၁၇ ခုနှစ် ဇွန်လကုန်အထိ သတ်မှတ်ထားပြီး အနောက်တောင် မုတ်သုံလေသည် မေလ(၁၅) ရက်မှ မေလ (၂၀)ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများ၊ မေလ (၂၁)ရက်နေ့မှ မေလ(၂၅)ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ၊ မေလ(၂၆)ရက်မှ မေလ (၃၀)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မေလ (၃၁)ရက်နေ့မှ ဇွန်လ(၄)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
သတင်း - နိုနို