တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ အပိုင္ျဖစ္သည့္ ၿမိဳ႕မသုသာန္(ေက်ာက္ေတာင္)အတြင္း၌ တဲထိုး၍ မူးယစ္ေဆး၀ါး သံုးစြဲေရာင္းခ်ေနေၾကာင္း သတင္းအရ ေမလ(၂)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္ အခ်ိန္က ၀င္ေရာက္ရွာေဖြရာ မူးယစ္ေဆး၀ါးမ်ားအပါအ၀င္ ေရာင္းရေငြမ်ားႏွင့္ တရားခံဟု ယူဆရသူအား ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔မွ အဆိုပါ ေနရာတြင္ မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြရာ ေက်ာ္ႀကီး(ခ)ကိုေက်ာ္(ခ)ညိဳ၀င္းသည္ ထြက္ေျပးရန္ ႀကိဳးစားသျဖင့္ ပူးေပါင္းအဖြဲ႔ျဖင့္ ၀ိုင္း၀န္းဖမ္းဆီးရာမွ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။
၎၏ တဲအတြင္း ၾကမ္းျပင္ေပၚႏွင့္ ၎၏ ခႏၶာကိုယ္ေပၚအား စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား (၆၃၄)ျပား၊ ဘိန္းျဖဴ(၀.၄)ဂရမ္ ႏွင့္ စိတ္ၾကြေဆးျပားရွဴရာတြင္ အသံုးျပဳသည့္ ပိုက္တပ္လ်က္ ပလတ္စတစ္ဘူး (၁)ဘူး ႏွင့္ အစိမ္းေရာင္ ဂက္စ္မီးျခစ္ တစ္လံုးအျပင္ မူးယစ္ေဆး၀ါးေရာင္းခ်ရာမွ ရရွိသည္ဟု ယူဆရသည့္ ထိုင္းဘတ္ေငြ ေရာရာ (၃၆၉၂၀)ဘတ္အား ရွာေဖြ သိမ္းဆည္းရရွိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။
မူးယစ္ေဆး၀ါးမ်ား ႏွင့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၈/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က) အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိၿပီး ကြင္းဆက္တရားခံမ်ားအား စံုစမ္းစစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် အပိုင်ဖြစ်သည့် မြို့မသုသာန်(ကျောက်တောင်)အတွင်း၌ တဲထိုး၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရ မေလ(၂)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင် အချိန်က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများအပါအဝင် ရောင်းရငွေများနှင့် တရားခံဟု ယူဆရသူအား ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ အဆိုပါ နေရာတွင် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ကျော်ကြီး(ခ)ကိုကျော်(ခ)ညိုဝင်းသည် ထွက်ပြေးရန် ကြိုးစားသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် ဝိုင်းဝန်းဖမ်းဆီးရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း၏ တဲအတွင်း ကြမ်းပြင်ပေါ်နှင့်၎င်း၏ ခန္ဓာကိုယ်ပေါ်အား စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာတွင် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၃၄)ပြား၊ ဘိန်းဖြူ(ဝ.၄)ဂရမ် နှင့် စိတ်ကြွဆေးပြားရှူရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် ပလတ်စတစ်ဘူး (၁)ဘူး နှင့် အစိမ်းရောင် ဂက်စ်မီးခြစ် တစ်လုံးအပြင် မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသည်ဟု ယူဆရသည့် ထိုင်းဘတ်ငွေ ရောရာ (၃၆၉၂၀)ဘတ်အား ရှာဖွေ သိမ်းဆည်းရရှိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။