ရှမ်းပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲအား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇွန်လ (၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့များတွင် ကျင်းပဆွေးနွေးကြသည်။
ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများ ပါဝင်ဆွေးနွေးမှုအားကောင်းသည့် ရှမ်းပြည်နယ်လွှတ်တော်ဖြစ်စေရေးအတွက် ပြည်နယ်တွင်း အရပ်ဘက်ဖွဲ့အစည်းများအနေဖြင့် လွှတ်တော်၏လုပ်ဆောင်ချက်များအား သိရှိနားလည်စေရန်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရပ်ဘက်အဖွဲ့များမှတဆင့် ပြည်သူ့အသံရယူဆောင်ရွက်ရေး အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အဆိုပါနှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၁၈၀)ခန့် တက်ရောက်ခဲ့ကြသည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲအပြီး လာမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ လက်ရှိအခြေအနေမှ အပြောင်းအလဲဖြစ်လာမည့်အပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ မျှော်မှန်းချက်များအား စုစည်းဖေါ်ပြပေးခြင်းဖြစ်ပါသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ