ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများအား ရှာဖွေ ဖမ်းဆီး စစ်ဆေးခြင်းများကို ရက်ပေါင်း (၁၂၀) ခေတ္တခဏ ရပ်ဆိုင်းထားမည်ဟု တရားဝင် သတင်းထုတ်ပြန်ထားသော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ရှိ စက်ရုံ နှင့် အလုပ်ရုံများတွင် ဇူလိုင် ပထမပတ်အတွင်း ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး နေရပ်ပြန် မြန်မာလုပ်သားများ ရှိလာပါက ကူညီနိုင်ရေးအတွက် တာချီလိတ်မြို့မှ တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း သိရသည်။
ဇွန်လ (၂၁) ရက်နေ့က စတင် စစ်ဆေးနေရာ ရွှေ့ပြောင်းလုပ်သားများ နိုင်ငံတွင်းမှ ထွက်ခွာမှုများကြောင့် ရွှေ့ပြောင်းလုပ်သားများအား ရှာဖွေဖမ်းဆီး စစ်ဆေးခြင်းများကို ရက်ပေါင်း (၁၂၀) ခေတ္တ ဆိုင်းငံ့ထားမည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ရှိ စက်ရုံနှင့် အလုပ်ရုံများတွင် ဇူလိုင် ပထမပတ်အတွင်း ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မယ်ဆိုင်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သတင်းထွက်ပေါ်နေသဖြင့် မယ်ဆိုင်မြို့နှင့်နယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ယင်းကဲ့သို့ ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေပြင်ဆင်ပြဌာန်းချက်အရ ဇွန်လ (၂၁) ရက်နေ့မှစတင်ကာ ထိုင်းအလုပ်သမား ညွှန်ကြားမှူးဦးစီးဌာန ၊ စစ်တပ်၊ နယ်ခြားစောင့်တပ်၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချွန်ဘူရီခရိုင်၊ စမူပရာကန်၊ ချင်းရိုင်၊ လန်းပန်းခရိုင်၊ မဟာချိုင်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အပါအ၀င် ဒေသအချို့ရှိ စက်ရုံ၊အလုပ်ရုံများမှ နိုင်ငံခြားသားလုပ်သားများအား စစ်ဆေးနေသဖြင့် မြန်မာလုပ်သားများသည် ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်မှ ပြန်လည်ဝင်ရောက်လာကြပြီး လက်ရှိအချိန်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် နယ်စပ်သို့ ဝင်ရောက်လာသူ နည်းပါးကြောင်း သိရသည်။
အဆိုပါပြင်ဆင်ချက်များအရ တရားမ၀င်အလုပ်လာရောက်လုပ်ကိုင်ခြင်း၊ နိုင်ငံကူးလက်မှတ် Work Permit ၊ ပြည်ဝင်ခွင့်နှင့် အလုပ်သမားမှတ်ပုံတင်အပါအ၀င်မည်သည့် တရားဝင်အထောက်အထားမျှ မရှိသော ရွှေ့ပြောင်း အလုပ်သမားများအား ဒဏ်ကြေးထိုင်းဘတ်ငွေ (၄)သိန်းမှ (၈)သိန်းအထိလည်းကောင်း၊ ကိုင်ဆောင်ထားသော ယာယီအလုပ်သမားမှတ်ပုံတင်လက်မှတ်တွင် ဖော်ပြထားသော အလုပ်နေရာနှင့် ဖမ်းဆီးရမိသော အလုပ်နေရာကွဲလွဲနေလျှင် အမြင့်ဆုံးဒဏ်ကြေး ထိုင်းဘတ်ငွေ (၄)သိန်းနှင့် ထောင်ဒဏ်(၆)လအထိ လည်းကောင်း သတ်မှတ်ထားကြောင်း၊ မူလသတ်မှတ်ချက်ပါ အလုပ်အမျိုးအစားနှင့် မတူညီသော အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသား အလုပ်သမားများအား တားမြစ်သည့်အလုပ်များကို လုပ်ကိုင်သူသည် ထောင်ဒဏ်(၅)နှစ်ထက်မပိုသော ထောင်ဒဏ် (သို့) ဒဏ်ကြေး ထိုင်းဘတ်ငွေ (၂)ထောင်မှ (၁)သောင်းအထိလည်းကောင်း သတ်မှတ်ထားကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
“လတ်တလောကတော့ ပုံမှန် ထိုင်းဘက်ကလွှဲတဲ့ တရားမဝင်လုပ်သားလွှဲတာလောက်ပဲ ရှိပါသေးတယ်။ အင်တိုက် အားတိုက် ထုနဲ့ထည်နဲ့ ဝင်လာတာတော့ မရှိသေးဘူး။ ဝင်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ အုပ်ချုပ်ရေး အဖွဲ့အစည်း အပါအဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးကလည်း ဒီစီမံချက်ကြောင့် အင်တိုက် အားတိုက် ဝင်လာမယ့် သူတွေရှိလာရင်လည်း ပိုက်ဆံမကောက်ဖို့ ညွှန်ကြားထားတယ်။ ကျွန်တော့်ဖက်ကနေလည်း သူတို့ စားဖို့သောက်ဖို့ကအစ လာတဲ့ အခါကျရင် အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ CNCMC နဲ့ ညှိနှိုင်းထားတာ ရှိပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
ဇွန်လ (၂၁) ရက်နေ့က စတင် စစ်ဆေးနေရာ ရွှေ့ပြောင်းလုပ်သားများ နိုင်ငံတွင်းမှ ထွက်ခွာမှုများကြောင့် ရွှေ့ပြောင်းလုပ်သားများအား ရှာဖွေဖမ်းဆီး စစ်ဆေးခြင်းများကို ရက်ပေါင်း (၁၂၀) ခေတ္တ ဆိုင်းငံ့ထားမည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ရှိ စက်ရုံနှင့် အလုပ်ရုံများတွင် ဇူလိုင် ပထမပတ်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မယ်ဆိုင်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သတင်းထွက်ပေါ်နေသဖြင့် မယ်ဆိုင်မြို့နှင့်နယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ယင်းကဲ့သို့ ပြင်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။
"အတိအကျကြီးတော့ မဟုတ်ပေမယ့် မယ်ဆိုင်က ရပ်ကွက်ရုံးက သိရတာကတော့ ဒီအပတ်ထဲ ရှောင်တခင် ဝင်စစ်မယ်လို့ သိရတယ်။ ညွှန်ကြားစာလည်း ဝင်ထားတယ်လို့ သိရပါတယ်"ဟု မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
မယ်ဆိုင်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်သမားများ ငှါးရမ်းနေထိုင်သောတန်းလျားများတွင် ရှာဖွေဖမ်းဆီးစစ်ဆေးခြင်းကို ဇူလိုင်လ (၁)ရက်နေ့မှ (၃)ရက်နေ့များအတွင်း လုပ်ဆောင်မည်ဟု သတင်းရရှိထားကြောင်း သိရသည်။
ထိုင်းနိုင်ငံအလုပ်သမားရေးရာညွှန်ကြားမှုဦးစီးဌာနက ၂၀၁၇ ခုနှစ် ဇွန်လ (၂၀)ရက်နေ့ ရက်စွဲပါ ကြေညာချက်ဖြင့် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်တာဝန်စီမံခန့်ခွဲရေးစနစ် လုံခြုံဘေးကင်းစွာ ရှိရေး ဥပဒေပါ ပြဌာန်းချက်အချို့နှင့် ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်နှင့် နိုင်ငံခြားသား အလုပ်သမား အလုပ်ခန့်အပ်ရေး အက်ဥပဒေပါ ပြန်ဌာန်းချက်အချို့အား မူလပြဌာန်းချက်ပါ ထောင်ဒဏ်နှင့်ငွေဒဏ်တို့ကို နှစ်ဆတိုးမြှင့်ခြင်းအပါအဝင် ပြင်ဆင်ပြဌာန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒပြေင်ဆင်ပြဌာန်းချက်အရ ဇွန်လ (၂၁) ရက်နေ့မှစတင်ကာ ထိုင်းအလုပ်သမား ညွှန်ကြားမှူးဦးစီးဌာန၊ စစ်တပ်၊ နယ်ခြားစောင့်တပ်၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချွန်ဘူရီခရိုင်၊ စမူပရာကန်၊ ချင်းရိုင်၊ လန်းပန်းခရိုင်၊ မဟာချိုင်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အပါအဝင် ဒေသအချို့ရှိ စက်ရုံ၊အလုပ်ရုံများမှ နိုင်ငံခြားသားလုပ်သားများအား စစ်ဆေးနေသဖြင့် မြန်မာလုပ်သားများသည် ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်မှ ပြန်လည်ဝင်ရောက်လာကြပြီး လက်ရှိအချိန်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် နယ်စပ်သို့ ဝင်ရောက်လာသူ နည်းပါးကြောင်း သိရသည်။
အဆိုပါပြင်ဆင်ချက်များအရ တရားမဝင်အလုပ်လာရောက်လုပ်ကိုင်ခြင်း၊ နိုင်ငံကူးလက်မှတ် Work Permit၊ ပြည်ဝင်ခွင့်နှင့် အလုပ်သမားမှတ်ပုံတင်အပါအဝင်မည်သည့် တရားဝင်အထောက်အထားမျှ မရှိသော ရွှေ့ပြောင်း အလုပ်သမားများအား ဒဏ်ကြေးထိုင်းဘတ်ငွေ (၄)သိန်းမှ (၈)သိန်းအထိလည်းကောင်း၊ ကိုင်ဆောင်ထားသော ယာယီအလုပ်သမားမှတ်ပုံတင်လက်မှတ်တွင် ဖော်ပြထားသော အလုပ်နေရာနှင့် ဖမ်းဆီးရမိသော အလုပ်နေရာကွဲလွဲနေလျှင် အမြင့်ဆုံးဒဏ်ကြေး ထို်င်းဘတ်ငွေ (၄)သိန်းနှင့် ထောင်ဒဏ်(၆)လအထိ လည်းကောင်း သတ်မှတ်ထားကြောင်း၊ မူလသတ်မှတ်ချက်ပါ အလုပ်အမျိုးအစားနှင့် မတူညီသော အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသား အလုပ်သမားများအား တားမြစ်သည့်အလုပ်များကို လုပ်ကိုင်သူသည် ထောင်ဒဏ်(၅)နှစ်ထက်မပိုသော ထောင်ဒဏ် (သို့) ဒဏ်ကြေး ထိုင်းဘတ်ငွေ (၂)ထောင်မှ (၁)သောင်းအထိလည်းကောင်း သတ်မှတ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်မှ ကရင်ပြည်နယ်ဘက်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား ကရင်ပြည်နယ် အစိုးရ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်