ရွမ္းျပည္နယ္(ေတာင္ပိုင္း)ပင္းတယၿမိဳ႕နယ္၏ လက္ဖက္အထြက္ႏႈန္း ေလ်ာ့နည္းသျဖင့္ စိုက္ပ်ိဳးနည္းစနစ္ ေျပာင္းလဲရန္ ဂ်ာမနီႏုိင္ငံ၏ အေထာက္အပံ့ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေနာက္ႏွစ္ေတြမွာ အထြက္မ်ားမ်ား တိုးေအာင္စိုက္နိုင္ဖို႔ စိုက္ပ်ိဳးနည္းေတြ ေျပာင္းလဲမယ္။ မိရိုးဖလာ အတိုင္း မဟုတ္ဘဲနဲ႔ နိုင္ငံတကာလို စိုက္ပ်ဳိးေနတဲ့ပံုစံေတြ စိုက္နိုင္ေအာင္ ဂ်ာမနီနိုင္ငံက ေထာက္ပံ့ ကူညီသြားမွာပါ။ အခုလည္း ပူးေပါင္းေဆာင္ရြက္ေနတာက ဂ်ာမနီနိုင္ငံပါပဲ”ဟု ပင္းတယ လက္ဖက္အစု အဖြဲ႕ ဥကၠဌ ဦးလွေဘာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္အတြင္းရွိ လက္ဖက္အမ်ားဆံုး စိုက္ပ်ဳိးေသာၿမိဳ႕နယ္မ်ား၌ ပါဝင္သည့္ ပင္းတယၿမိဳ႕နယ္တြင္ လက္ဖက္စိုက္ဧက ရွစ္ေသာင္းေက်ာ္ရိွသည့္အနက္ ေအာ္ဂင္းနစ္စနစ္ျဖင့္ စိုက္ပ်ိဳးဧက ႏွစ္ရာခန္႔ရိွေၾကာင္း သိရသည္။
“ပင္းတယမွာကေတာ့ အရင္ႏွစ္ကေတာ့ သိပ့္မေလ်ာ့ဘူး။ ဒီႏွစ္မွာ လက္ဖက္အထြက္နႈန္းက ေတာ္ ေတာ္ေလ်ာ့တယ္။ ထက္ဝက္ေလာက္ ေလ်ာ့က်သြားပါတယ္။ Green Tea လက္ဖက္ေျခာက္ကို ဂ်ာမနီကို တစ္တန္ ခြဲပို႔ပါတယ္။ အရင္ႏွစ္လည္း တစ္တန္ခြဲပါ”ဟု ဦးလွေဘာ္က ေျပာသည္။
ပင္းတယေဒသထြက္ လက္ဖက္မ်ားကို ထက္ဝက္ေက်ာ္အား လက္ဖက္စို၊ ေနလွန္းေျခာက္၍ ေန႔ခ်င္းေျခာက္ (စက္ျဖင့္) ထုတ္လုပ္သည့္ Green Tea ထုတ္လုပ္မႈ (၃၅)ရာခုိင္ႏႈန္းႏွင့္ မီးဖိုေျခာက္ လက္ဖက္ (၁၀)ရာခိုင္ႏႈန္းခန္႔ ထုတ္လုပ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
“နောက်နှစ်တွေမှာ အထွက်များများ တိုးအောင်စိုက်နိုင်ဖို့ စိုက်ပျိုးနည်းတွေ ပြောင်းလဲမယ်။ မိရိုးဖလာ အတိုင်း မဟုတ်ဘဲနဲ့ နိုင်ငံတကာလို စိုက်ပျိုးနေတဲ့ပုံစံတွေ စိုက်နိုင်အောင် ဂျာမနီနိုင်ငံက ထောက်ပံ့ ကူညီသွားမှာပါ။ အခုလည်း ပူးပေါင်းဆောင်ရွက်နေတာက ဂျာမနီနိုင်ငံပါပဲ”ဟု ပင်းတယ လက်ဖက်အစု အဖွဲ့ ဥက္ကဌ ဦးလှဘော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်အများဆုံး စိုက်ပျိုးသောမြို့နယ်များ၌ ပါဝင်သည့် ပင်းတယမြို့နယ်တွင် လက်ဖက်စိုက်ဧက ရှစ်သောင်းကျော်ရှိသည့်အနက် အော်ဂင်းနစ်စနစ်ဖြင့် စိုက်ပျိုးဧက နှစ်ရာခန့်ရှိကြောင်း သိရသည်။
“ပင်းတယမှာကတော့ အရင်နှစ်ကတော့ သိပ့်မလျော့ဘူး။ ဒီနှစ်မှာ လက်ဖက်အထွက်နှုန်းက တော် တော်လျော့တယ်။ ထက်ဝက်လောက် လျော့ကျသွားပါတယ်။ Green Tea လက်ဖက်ခြောက်ကို ဂျာမနီကို တစ်တန် ခွဲပို့ပါတယ်။ အရင်နှစ်လည်း တစ်တန်ခွဲပါ”ဟု ဦးလှဘော်က ပြောသည်။
ပင်းတယဒေသထွက် လက်ဖက်များကို ထက်ဝက်ကျော်အား လက်ဖက်စို၊ နေလှန်းခြောက်၍ နေ့ချင်းခြောက် (စက်ဖြင့်) ထုတ်လုပ်သည့် Green Tea ထုတ်လုပ်မှု (၃၅)ရာခိုင်နှုန်းနှင့် မီးဖိုခြောက် လက်ဖက် (၁၀)ရာခိုင်နှုန်းခန့် ထုတ်လုပ်ကြောင်း သိရသည်။
သတင်း - နိုနို