ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕ ဟိုနားေက်းရြာအနီး က်ိဳင္းတံု - တာခ်ီလိတ္ကားလမ္းတြင္ သံလြင္ယာဥ္လုိင္းမွ ခရီးသည္တင္ကားတစ္စီး ဇူလိုင္လ (၂၇)ရက္ေန႔ နံနက္ (၀၀:၁၅)နာရီခန္႔တြင္ လမ္းေဘး ထုိးက်သြားၿပီး ခရီးသည္သံုးဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။
အဆိုပါ ခရီးသည္တင္ယာဥ္တြင္ ခရီးသည္ (၅)ဦးလုိက္ပါလာၿပီး မိုင္တိုင္အမွတ္ (၇၁၃/၇၁၄) လမ္းအေကြ႕၌ အရွိန္မထိန္းႏုိင္ဘဲ ယာဘက္လမ္းေဘးရိွ ေပ(၂၀)ခန္႔အနက္ ေခ်ာက္အတြင္းသို႔ ထိုးက် တိမ္းေမွာက္သြားသျဖင့္ အမ်ိဳးသမီး (၂)ဦးႏွင့္ အမ်ိဳးသား(၁)ဦး ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေဇာ္ေဇာ္အား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၁၉/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇ တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ကိုသာ
အဆိုပါ ခရီးသည်တင်ယာဉ်တွင် ခရီးသည် (၅)ဦးလိုက်ပါလာပြီး မိုင်တိုင်အမှတ် (၇၁၃/၇၁၄) လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ ယာဘက်လမ်းဘေးရှိ ပေ(၂၀)ခန့်အနက် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်သွားသဖြင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား(၁)ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဇော်ဇော်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
