ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ၊ ဝမ္လံုးအုပ္စု ၊ လြယ္စီတံုရြာရိွ လြယ္စီတံုျပည္သူ႔စစ္ စခန္းႏွင့္ ေလးဖာလံုခန္႔အကြာ တာခ်ီလိတ္ - မိုင္းဟဲလမ္းတြင္ စိတ္ၾကြေဆးျပား သယ္ေဆာင္လာသူႏွစ္ဦး ကို္ယ္လြတ္ ထြက္ေျပးသြားေသာ္လည္း စိတ္ၾကြေဆးျပား(၁)သိန္းႏွင့္ ဆုိင္ကယ္အား ဇူလိုင္လ (၂၉)ရက္ေန႔က သိမ္းဆည္းရမိလိုက္ေၾကာင္း သိရသည္။
လြယ္စီတံုျပည္သူ႔စစ္အဖြဲ႕မွ ဦးေအာင္ဆန္းလင္းႏွင့္အဖြဲ႕သည္ လြယ္စီတံုရြာအဝင္ ျပည္သူ႔စစ္စခန္းတြင္ လံုၿခံဳေရး ကိစၥမ်ား ေဆာင္ရြက္ေနစဥ္ ဇူလိုင္လ (၂၉)ရက္ေန႔ ေန႔လယ္ (၂)နာရီခန္႔၌ မုိင္းဟဲဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသား(၂)ဦးအား စစ္ေဆးရန္ ဆိုင္ကယ္ ရပ္တန္႔ခုိင္းရာ ေနာက္ျပန္လွည့္ ထြက္ေျပးသြားသျဖင့္ လုိက္လံ ဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္သူ႔စစ္စခန္းႏွင့္ ေလးဖာလံုခန္႔အကြာတြင္ ၎တို႔ စီးနင္းသြားသည့္ ဆုိင္ကယ္ႏွင့္အတူ အထုပ္တစ္ထုပ္အား ပစ္ထားခဲ့ၿပီး ထြက္ေျပး လြတ္ေျမာက္သြားသျဖင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕သို႔ ဆက္သြယ္ အေၾကာင္းၾကားရာ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္သုေမာင္ဦးစီးအဖြဲ႕၊ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္ ဦးစီးအဖြဲ႕ ၊ စရဖ(တသခ)စု-၂ မွ တပ္ၾကပ္ ၀င္းေမာင္တုိ႔ ပါ၀င္ေသာ ပူးေပါင္းအဖြဲ႕မွ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ဆိုင္ကယ္ႏွင့္အတူ ပစ္ထားခဲ့သည့္ အထုပ္အတြင္းမွ WY စာတမ္းပါ ပန္းေရာင္ စိတ္ၾကြေဆးျပား အေရအတြက္ (၁)သိန္းအား ရွာေဖြေတြ႔ရိွရသျဖင့္ အဆုိပါ စိတ္ၾကြေဆးျပားမ်ား ႏွင့္ ဆုိင္ကယ္အား ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ မွ သိမ္းဆည္းၿပီး ထြက္ေျပး တိမ္းေရွာင္သြားသည့္ အသက္ (၁၉)ႏွစ္ခန္႔ႏွင့္ အသက္ (၁၆)ႏွစ္ခန္႔ အမ်ိဳးသားနွစ္ဦးအား စံုစမ္းေဖာ္ထုတ္ႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။
စိတ္ၾကြေဆးျပားမ်ားသယ္ေဆာင္လာသူႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၃/၂၀၁၇၊ မူး/စိတ္ပုုဒ္မ ၁၉(က)အရ အမႈဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
လွယ်စီတုံပြည်သူ့စစ်အဖွဲ့မှ ဦးအောင်ဆန်းလင်းနှင့်အဖွဲ့သည် လွယ်စီတုံရွာအဝင် ပြည်သူ့စစ်စခန်းတွင် လုံခြုံရေး ကိစ္စများ ဆောင်ရွက်နေစဉ် ဇူလိုင်လ (၂၉)ရက်နေ့ နေ့လယ် (၂)နာရီခန့်၌ မိုင်းဟဲဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၂)ဦးအား စစ်ဆေးရန် ဆိုင်ကယ် ရပ်တန့်ခိုင်းရာ နောက်ပြန်လှည့် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်စခန်းနှင့် လေးဖာလုံခန့်အကွာတွင်၎င်းတို့ စီးနင်းသွားသည့် ဆိုင်ကယ်နှင့်အတူ အထုပ်တစ်ထုပ်အား ပစ်ထားခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြားရာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်သုမောင်ဦးစီးအဖွဲ့၊ တာချီလိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင် ဦးစီးအဖွဲ့၊ စရဖ(တသခ)စု-၂ မှ တပ်ကြပ် ဝင်းမောင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်နှင့်အတူ ပစ်ထားခဲ့သည့် အထုပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား အရေအတွက် (၁)သိန်းအား ရှာဖွေတွေ့ရှိရသဖြင့် အဆိုပါ စိတ်ကြွဆေးပြားများ နှင့် ဆိုင်ကယ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိမ်းဆည်းပြီး ထွက်ပြေး တိမ်းရှောင်သွားသည့် အသက် (၁၉)နှစ်ခန့်နှင့် အသက် (၁၆)နှစ်ခန့် အမျိုးသားနှစ်ဦးအား စုံစမ်းဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
စိတ်ကြွဆေးပြားများသယ်ဆောင်လာသူနှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။
