တာချီလိတ်ခရိုင် ကြက်ခြေနီကော်မတီမှ H1N1 နှင့် ပတ်သက်၍ အထက(ဆန်ဆိုင်း)တွင် လက်တွေ့ အသိပညာပေး

တာချီလိတ်ခရိုင် ကြက်ခြေနီကော်မတီမှ H1N1 နှင့် ပတ်သက်၍ အထက(ဆန်ဆိုင်း)တွင် လက်တွေ့ အသိပညာပေး
သွဂုတျ 1, 2017
By Tachileik News Agency



မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်အတွင်း H1N1 နှင့် ပတ်သက်၍ ကျန်းမာရေးဌာနက Mask များ အခမဲ့ ပေးဝေမှုကို ဆောင်ရွက်ခဲ့ပြီး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှလည်း အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ ZMH


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် ကြက်ခြေနီကော်မတီမှ H1N1 နှင့် ပတ်သက်၍ အသိပညာပေးမှုအဖြစ် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများမှ တက်ရောက် မှတ်သား လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပွဲတွင် တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် ကော်မတီအတွင်းရေးမှူး ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင့်တို့က H1N1 နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နည်းများ၊ Mask များကို တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်အသုံးပြုနည်းများ စသည်များကို အသိပေးမှုအဖြစ် လက်တွေ့ပြသ ဟောပြောမှုများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်အတွင်း H1N1 နှင့် ပတ်သက်၍ ကျန်းမာရေးဌာနက Mask များ အခမဲ့ ပေးေဝမှုကို ဆောင်ရွက်ခဲ့ပြီး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှလည်း အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ ZMH

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~