ကယားျပည္နယ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ မ်ားေန၍ ေဆးရံုေဆးခန္းသို႔ အခ်ိန္မီျပသရန္ တုိက္တြန္း

ကယားျပည္နယ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ မ်ားေန၍ ေဆးရံုေဆးခန္းသို႔ အခ်ိန္မီျပသရန္ တုိက္တြန္း
သြဂုတ် 1, 2017
By Tachileik News Agency

ကယားျပည္နယ္အတြင္း ေသြးလြန္တုပ္ေကြး ေရာဂါျဖစ္ပြားမႈမွာ ယခင္ႏွစ္ထက္ မ်ားေနသျဖင့္ ေဆးရံုေဆးခန္းသို႔ အခ်ိန္မီ ျပသၾကရန္ ျပည္နယ္ကုသေရးဦးစီးမွဴးက တိုက္တြန္းေျပာၾကား လုိက္သည္။

“ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္တာက ဒီႏွစ္မွာ ပိုမ်ားတယ္။ ကြ်န္ေတာ္တို႔ ဇြန္လ ေလာက္မွာကတည္းက ေျပာထားတယ္။ ဒီႏွစ္မွာ ေသြးလြန္တုပ္ေကြး မ်ားမယ္ေပါ့။ ဆက္မ်ားႏိုင္တယ္။ ခုလည္းပဲ ေသြးလြန္ တုပ္ေကြးက အရင္ႏွစ္ကထက္ စာရင္မ်ားတယ္။ ခုလတ္တေလာမွာလည္း ေသြးလြန္တုပ္ေကြး သံသယ လူနာေတြက မ်ားေနတယ္ ”ဟု ျပည္နယ္ကုသေရးဦးစီးမွဴး ေဒါက္တာရန္ႏိုင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လတ္တေလာ အခ်ိန္ထိ ေသြးလြန္တုပ္ေကြး ေရာဂါျဖစ္ပြားသည့္ လိြဳင္ေကာ္ၿမိဳ႕မွ ကေလးတစ္ဦး ၊ ဖရူဆိုၿမိဳ႕မွ ကေလးတစ္ဦးတို႔ ေဆးရံုသို႔ အခ်ိန္မီ မေရာက္သျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

“ေသြးလြန္တုပ္ေကြးနဲ႔ ဆုံးသြားတဲ့လူနာေတြက သူတို႔က အခ်ိန္လြန္မွ ေရာက္လာတာေပါ့။ ေနာက္က်တာ ေပါ့ေနာ္။ အခ်ိန္မီေရာက္ႏိုင္ရင္ေတာ့ ကုသလို႔ရတာေပါ့။ ျဖစ္ၿပီး အိမ္မွာ ႀကိတ္ကုေနရင္ေတာ့ ဒါ အႏၱရာယ္မ်ားတာေပါ့ေနာ္။ အခ်ိန္မီ ေဆးေပးခန္းေတြ ေဆးရုံေတြကို လာၾကပါလို႔ ေျပာခ်င္ပါတယ္ ”ဟု ေဒါက္တာရန္ႏိုင္ေမာင္က ေျပာသည္။

ကယားျပည္နယ္တြင္ လတ္တေလာ ကာလအတြင္း ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆံုးျဖစ္ပြားေနၿပီး ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါမ်ားလည္း ျဖစ္ပြားေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှာ ယခင်နှစ်ထက် များနေသဖြင့် ဆေးရုံဆေးခန်းသို့ အချိန်မီ ပြသကြရန် ပြည်နယ်ကုသရေးဦးစီးမှူးက တိုက်တွန်းပြောကြား လိုက်သည်။

“သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တာက ဒီနှစ်မှာ ပိုများတယ်။ ကျွန်တော်တို့ ဇွန်လ လောက်မှာကတည်းက ပြောထားတယ်။ ဒီနှစ်မှာ သွေးလွန်တုပ်ကွေး များမယ်ပေါ့။ ဆက်များနိုင်တယ်။ ခုလည်းပဲ သွေးလွန် တုပ်ကွေးက အရင်နှစ်ကထက် စာရင်များတယ်။ ခုလတ်တလောမှာလည်း သွေးလွန်တုပ်ကွေး သံသယ လူနာတွေက များနေတယ် ”ဟု ပြည်နယ်ကုသရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလော အချိန်ထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသည့် လွိုင်ကော်မြို့မှ ကလေးတစ်ဦး၊ ဖရူဆိုမြို့မှ ကလေးတစ်ဦးတို့ ဆေးရုံသို့ အချိန်မီ မရောက်သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သွေးလွန်တုပ်ကွေးနဲ့ ဆုံးသွားတဲ့လူနာတွေက သူတို့က အချိန်လွန်မှ ရောက်လာတာပေါ့။ နောက်ကျတာ ပေါ့နော်။ အချိန်မီရောက်နိုင်ရင်တော့ ကုသလို့ရတာပေါ့။ ဖြစ်ပြီး အိမ်မှာ ကြိတ်ကုနေရင်တော့ ဒါ အန္တရာယ်များတာပေါ့နော်။ အချိန်မီ ဆေးပေးခန်းတွေ ဆေးရုံတွေကို လာကြပါလို့ ပြောချင်ပါတယ် ”ဟု ဒေါက်တာရန်နိုင်မောင်က ပြောသည်။

ကယားပြည်နယ်တွင် လတ်တလော ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားနပြေီး ဝမ်းပျက်ဝမ်းလျှောရောဂါများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~