ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့၊ မြို့မဈေးအတွင်း သြဂုတ်လ (၁) ရက်နေ့က ရှောင်တခင် စစ်ဆေးရာ စားသုံးရန် မသင့် ကြေညာထားသည့် ကုန်ပစ္စည်း (၃)မျိုး တွေ့ရှိရသဖြင့် သိမ်းဆည်းပြီး ဆိုင်ရှင်များအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ သိရသည်။
ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဇွန်လမှ ဒီဇင်ဘာလအထိ ရှမ်းပြည်နယ် တောင်ပိုင်းမှ မြို့နယ်(၈)မြို့နယ်အတွင်း ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်း လုပ်ငန်းစီမံချက် အစီအစဉ်အနေဖြင့် တစ်လလျှင် ဈေး(၄)ခု စစ်ဆေးနေကြောင်း သိရသည်။
ရှောင်တခင်စစ်ဆေးမှုများတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ ဈေးတာဝန်ခံများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - STS
“မနေ့က နမူနာ(၈)မျိုး ယူလာတယ်။ သိမ်းဆည်းလာခဲ့တာကတော့ စားသုံးရန်မသင့်လို့ တရားဝင် ကြေညာထားတဲ့ ချယ်ရီသီးဘူး၊ မန်ကျည်းရည်ပုလင်း၊ ၉၉၉ မြူစွမ်ဂျုံခေါက်ဆွဲတွေကို စတိုးဆိုင် (၃)ဆိုင်မှာ ရောင်းချနေတာကို တွေ့ရှိခဲ့လို့ တစ်ခါတည်း သိမ်းဆည်းလာတယ်။ ထပ်ပြီးမရောင်းချဖို့ကို ဆိုင်(၃) ဆိုင်လုံး ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းတယ်။ နမူနာကောက်လာတဲ့ (၈)မျိုးကိုတော့ တောင်ကြီးမှာ ဓာတ်ခွဲစစ်ဆေးမယ်။ ဒီမှာစစ်ဆေးလို့ စားသုံးရန်မသင့်တဲ့ ဆိုးဆေးတွေပါလာရင် နပြေည်တော်ကို ဆက်လက်ပေးပို့ စစ်ဆေးပြီး စားသုံးရန်မသင့်ဘူးဆိုရင် တရားဝင်ကြေညာပေးသွားမှာပါ။ ကျွန်တော်တို့ နမူနာ ကောက်လာတဲ့ထဲက စားသုံးရန်မသင့်ဘူးဆိုရင် ရောင်းချနေတဲ့ ဈေးသည်တွေကို အသိပညာ ပေးမှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူ ဦးစည်သူစိုးက ပြောသည်။
ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဇွန်လမှ ဒီဇင်ဘာလအထိ ရှမ်းပြည်နယ် တောင်ပိုင်းမှ မြို့နယ်(၈)မြို့နယ်အတွင်း ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်း လုပ်ငန်းစီမံချက် အစီအစဉ်အနဖြေင့် တစ်လလျှင် ဈေး(၄)ခု စစ်ဆေးနေကြောင်း သိရသည်။
ရှောင်တခင်စစ်ဆေးမှုများတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ ဈေးတာဝန်ခံများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - STS