ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့တွင် နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီတုပ်ကွေး H1N1 အကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအား ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ မြို့တော်ခန်းမတွင် သြဂုတ်လ (၄)ရက်နေ့က လုပ်ဆောင်ကြောင်း သိရသည်။
"ဒီအခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့  ၀င်ထွက် သွားလာနေကြတဲ့ နိုင်ငံခြားသားများဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်စဉ် နိုင်ငံခြားသားနဲ့  ပတ်သက်တဲ့ ဒေသဆိုင်ရာ ညွှန်ကြားချက်တွေ၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့  လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဌာန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို သိရှိထားခြင်းအားဖြင့် နိုင်ငံခြားသားတွေ ချောမွေ့ စွာနေထိုင်နိုင်ရေး၊ လုံခြုံဘေးကင်းမှုရှိစေရေးနဲ့  မလိုလားအပ်တဲ့ အရေးယူမှုတွေ မဖြစ်စေဖို့အတွက်ရယ် ကျိုင်းတုံခရိုင် အတွင်းမှာ ရာသီတုပ်ကွေးရောဂါက စပြီးတွေ့နေရပြီဆိုတော့ ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်အောင် ထည့်သွင်း ဆွေးနွေးတာဖြစ်ပါတယ်"ဟု ခရိုင်စီမံခန့် ခွဲမှုကော်မတီ ဥက္ကဌ ၊ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
"ဒီအခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ထွက် သွားလာနကြေတဲ့ နိုင်ငံခြားသားများဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်စဉ် နိုင်ငံခြားသားနဲ့ ပတ်သက်တဲ့ ဒေသဆိုင်ရာ ညွှန်ကြားချက်တွေ၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဌာန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို သိရှိထားခြင်းအားဖြင့် နို်င်ငံခြားသားတွေ ချောမွေ့စွာနေထိုင်နိုင်ရေး၊ လုံခြုံဘေးကင်းမှုရှိစေရေးနဲ့ မလိုလားအပ်တဲ့ အရေးယူမှုတွေ မဖြစ်စေဖို့အတွက်ရယ် ကျိုင်းတုံခရိုင် အတွင်းမှာ ရာသီတုပ်ကွေးရောဂါက စပြီးတွေ့နေရပြီဆိုတော့ ဒီရောဂါကို ကြိုတင်ကာကွယ်နို်င်အောင် ထည့်သွင်း ဆွေးနွေးတာဖြစ်ပါတယ်"ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ အခမ်းအနားသို့ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဝင်းမင်းသိန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်း၊ ခရိုင်လ.ဝ.က ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး ဦးရဲရင့်ထွန်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်လိုင်းများမှ တာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
